၂၀၁၇ ပညာသင်နှစ်မှ စပြီး နည်းပညာတက္ကသိုလ်များသို့ ကူးပြောင်းတက်ရောက်ခွင့်ရှိ

၂၀၁၇ ပညာသင်နှစ်မှ စပြီး နည်းပညာတက္ကသိုလ်များသို့ ကူးပြောင်းတက်ရောက်ခွင့်ရှိ

အစိုးရနည်းပညာအထက်တန်းကျောင်း (G.T.H.S) များမှ ထူးချွန် စွာအောင်မြင်ပြီး နည်းပညာတက္က သိုလ်အသီးသီးတွင် တက်ရောက်နေစဉ် အကြောင်းအမျိုးမျိုးကြောင့် ပညာရေးရပ်နားခဲ့ရသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အဝေးသင်တက္ကသိုလ်များသို့ ကူးပြောင်းတက်ရောက်လိုပါက ၂၀၁၇ ပညာသင်နှစ်တွင် စတင်တက်ရောက်နိုင်မည်ဖြစ်ပါသည်။

T.H.S တွေရဲ့ ပေါင်းကူးအစီအစဉ်ကနေ နည်းပညာတက္ကသိုလ်တွေမှာ တက်နေရင်း ကျောင်း နားထားခဲ့ရတယ်ဆိုရင် ဒီနှစ်မှာ အဝေးသင်တက္ကသိုလ်ကို ကူးပြောင်း တက်ရောက်လို့ရပါတယ်။

အခြေခံပညာ အထက်တန်း မအောင်မြင်ထားဘူးဆိုပေမယ့် နည်းပညာအထက်တန်းကျောင်းမှာ သင်ခဲ့တဲ့ ဘာသာရပ်တွေအရ အခြေခံပညာအထက်တန်းအဆင့် ဘာသာတွဲ-၁ နဲ့ညီတယ်လို့ သတ်မှတ်ပေးထား ပါသည်။

အဝေးသင်တက္ကသိုလ်များသို့ ကူးပြောင်းတက်ရောက်လိုပါက တက်ရောက်ခဲ့သည့်နည်းပညာတက္ကသိုလ်များမှ ကျောင်းပြောင်းရွှေ့ရန် သင်တန်းဆိုင်ရာ ထောက်ခံချက် သို့မဟုတ် နှုတ်ထွက်စာတောင်းခံပြီး မိမိတက်ရောက်လိုသော အဝေးသင်တက္ကသိုလ်များတွင် အခြေခံပညာအထက်တန်းအဆင့် ဘာသာတွဲ-၁ ဖြင့် အောင်မြင်သူများ လျှောက် ထားနိုင်သော အထူးပြုဘာသာရပ်များကို ယခုအချိန်မှစတင်လျှောက် ထားနိုင်ပြီ ဖြစ်ပါသည်။

အခြေခံပညာအလယ်တန်း အောင်မြင်ပြီးပါက အစိုးရနည်း ပညာအထက်တန်းကျောင်းများသို့ တက်ရောက်ပြီး ထူးချွန်ပါက ပေါင်းကူးအစီအစဉ်ဖြင့် နည်းပညာ တက္ကသိုလ်များသို့ တက်ရောက် ခွင့်ပြုထားပါသည်။

ကျောင်းရပ်နားခဲ့သူများ ၊ အခြေခံပညာ အထက်တန်း မအောင်မြင်ခဲ့သော ကျောင်းသား ၊ ကျောင်းသူများသည် ယခင်ပညာသင်နှစ်များက အဝေးသင်တက္ကသိုလ်များသို့ ကူးပြောင်း တက်ရောက်ခွင့် မပြုခဲ့ပေ။

Source: education digest journal

News Read 3332 times