စာဖတ်အားကောင်းရင် မေးခွန်းဟောင်းအားလုံးဖြေဆိုကြည့်ပါ။ အများကြီးမကြည့်နိုင်သူတွေက ၂၀၀၉ မှ ၂၀၁၆ ခုနှစ်ထိ မေးခွန်းများ ဖြေဆိုကြည့်ခြင်းအားဖြင့် ဓာတုဗေဒဘာသာရပ်ကို
လွယ်ကူချောမွေ့စွာ ဖြေဆိုနိုင်ပေမည်။
မနှစ်ကမေးခွန်းကတော့ နည်းနည်းပဲပြောင်းလဲပါတယ်။ မေးခွန်းကို သေချာစွာဖတ်ဖို့ လိုအပ်ပါတယ်။
Chemistry ဘာသာရပ်ကို အမှတ်ပြည့်ရရှိရန်အတွက် Text, Old Questions များကို ကြေညက်အောင် လေ့ကျင့်ရပါ့မည်။
အောက်ပါတို့ကို အထူးဂရုစိုက်ပါ။
၁. Definition များကို သေချာစွာကျက်မှတ်ပါ။ ချရေးပြီး လေ့ကျင့်ပါ။
၂. ပုစ္ဆာများမတွက်မီ Theory များ၊ Formula များ၊ Unit များကို သေချာစွာ ကျက်မှတ်ပြီးမှ တွက်ပါ။
၃. Laboratory ပုံများ၊ Equation များကို ထပ်ခါထပ်ခါ လေ့ကျင့်ပါ။
၎. Organic chemistry equation များကို သေချာလေ့လာကျက်မှတ်ပြီး အကြိမ်ကြိမ်အခါခါ ချရေးပြီး လေ့ကျင့်ပါ။
မေးခွန်းနံပါတ် (၁) (၇ မှတ်)
TRUE OR FALSE အတွက် Chapter (1 to 7) ထိ လေ့ကျင့်ပါ။
မေးခွန်းနံပါတ် (၂) (၇ မှတ်)
Fill in the blank အတွက် Chapter (8 to 14) ထိ လေ့ကျင့်ပါ။
မေးခွန်းနံပါတ် (၃) (၇ မှတ်)
Multiple Choice အတွက် Chapter (1 to 15) ထိ လေ့ကျင့်ပါ။
မေးခွန်းနံပါတ် (၄) (၇ မှတ်)
List A List B အတွက် Chapter (1 to 13) ထိ လေ့ကျင့်ပါ။
List A List B ဖြေဆိုရာတွင် List A တွင်ရှိသော စာသား သို့မဟုတ် List B တွင် ရှိသော စားသား သို့မဟုတ် သင်္ကေတတို့ကို မှန်ကန်စွာ တွဲ၍ ဖြေဆိုရမည်။
မေးခွန်းနံပါတ် (၅) (၈ မှတ်)
Definitions ဖြေဆိုရမည်ဖြစ်ပါသည်။ တတ်နိုင်ရင် အားလုံးကြည့်ပါ။ မတတ်နိုင်ရင် Law, Principles, Theory နဲ့ အဆုံးသတ်တဲ့ Definitions များကိုတော့ အပိုင်ကျက်ထားပါ။
မေးခွန်းနံပါတ် (၆) (၁၂ မှတ်)
Chapter (1 to 5) ပုစ္ဆာလေးတွေနဲ့ Definition များကို ရအောင်လုပ်ပါ။ Laboratory Equation များပါ ရအောင် ကျက်ထားပါ။
မှတ်ချက်- Question (1 to 6) မှာ မေးခွန်းအားလုံး ဖြေဆိုရပါ့မည်။ ရွေးချယ်ခွင့်ပေးမထားပါ။
မေးခွန်းနံပါတ် (၇) (၂၀ မှတ်)
(၄ မှတ်) တန် (၈) ပုဒ် ပေးထားပြီး ကြိုက်ရာ (၅) ပုဒ်သာ ဖြေဆိုရမည်ဖြစ်သည်။
Chapter (1) မှ (၄ မှတ်) တန် ၁ ပုဒ်၊ Chapter (2) မှ (၄ မှတ်) တန် ၁ ပုဒ်၊ Chapter (3) မှ (၄ မှတ်) တန် ၁ ပုဒ် (တစ်ခါတစ်ရံမှသာ မေးတတ်ပါသည်) ၊ Chapter (4) မှ (၄ မှတ်) တန် ၁
ပုဒ်၊ Chapter (5) မှ (၄ မှတ်) တန် ၁ ပုဒ်၊ Chapter (၆) မှ (၄ မှတ်) တန် ၁ ပုဒ် တို့ကိုမေးတတ်ပြီး အပိုင်ဖြေဆိုသင့်ပါသည်။
မေးခွန်းနံပါတ် (၈) (၃၂ မှတ်)
(၈ မှတ်) တန် ၈ ပုဒ် ပေးထားပြီး ၄ ပုဒ်သာ ဖြေဆိုရပါ့မည်။
Chapter (3) Titration မှ (၈ မှတ်) တန် ၁ ပုဒ်၊ Chapter (7) Heat of formation/combustion မှ (၈ မှတ်) တန် ၁ ပုဒ်၊ Chapter (13) pH အခန်းမှ (၈ မှတ်) တန် ၁ ပုဒ်၊ Chapter
(10/11/12) Laboratory မှ (၈ မှတ်) တန် ၁ ပုဒ် (CL2, Br2, I2 ကို ပိုမိုအလေးထားကြည့်ပါ) Chapter (14) Organic Chemistry (၈ မှတ်) တန် ၂ ပုဒ်၊ အထက်ပါ (၈ မှတ်) တန် ၆ ပုဒ်ထဲမှ
၎ ပုဒ်သာ ရွေးချယ်ဖြေဆိုရမည် ဖြစ်ပါသည်။
Manufacture and Extraction အခန်းများကို တွဲမေးတတ်ပါသည်။ (ရှောင်လျှင် ရပါသည်)
Source: democracy today