၂၀၁၇-၁၈ တက္ကသိုလ်ဝင်ခွင့်ရမှတ်အများဆုံး ဖြစ်ခဲ့တဲ့ ရန်ကုန်နည်းပညာတက္ကသိုလ်

၂၀၁၇-၁၈ တက္ကသိုလ်ဝင်ခွင့်ရမှတ်အများဆုံး ဖြစ်ခဲ့တဲ့ ရန်ကုန်နည်းပညာတက္ကသိုလ်

ယခုပညာသင်နှစ်တွင် ရန်ကုန်နည်းပညာတက္ကသိုလ်သို့ တက်ရောက်ခွင့်ရရှိသည့် အနိမ့် ဆုံးအမှတ်သည် ကျား ၅၀၃ မှတ်၊ မ ၅၀၃ မှတ်ဖြစ်ပြီး အမြင့်ဆုံးဝင် ခွင့်ရ အမှတ်သည် ကျား ၅၅၅ မှတ်၊ မ ၅၄၇ မှတ်ဖြစ်သည်။ 

ရန်ကုန်နည်းပညာတက္က သိုလ်သို့ တက္ကသိုလ်ဝင်စာမေးပွဲ ရမှတ်စုစုပေါင်း ၄၈၀ နှင့်အထက် ရရှိသူများကို လျှောက်ထားခွင့်ပြု ခဲ့ရာ လျှောက်ထားသူများအနက် အမှတ်အများဆုံးမှ အနည်းဆုံးသို့ စိစစ်ကာ ကျောင်းသား၊ ကျောင်းသူ ၃၃၀ ဦးကို ဝင်ခွင့်ပြုခဲ့သည်။ 

‘‘ရန်ကုန်နည်းပညာတက္က သိုလ်ကတော့ နှစ်တိုင်းလိုလို အ မြင့်ဆုံးဖြစ်နေတာပေါ့။ အဓိက ကတော့ ကျောင်းသားတွေစိတ် ဝင်စားပြီး လျှောက်ကြတဲ့အပေါ် မူတည်တာပဲ။ အမှတ်မြင့်တဲ့သူ များများလျှောက်ရင် ဝင်ခွင့်အ မှတ်က မြင့်သွားတာပေါ့’’ဟု အ ဆင့်မြင့်ပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးတစ်ဦးက ပြော ကြားသည်။

READ - တက္ကသိုလ်ပြောင်းရွှေ့တက်ရောက်လိုသူများ ပြောင်းမည့်တက္ကသိုလ်က လက်ခံနိုင်မှသာ ပြောင်းခွင့်ပြုမည်

ရန်ကုန်နည်းပညာတက္က သိုလ်သို့ ပြီးခဲ့သည့် ၂၀၁၆-၁၇ ပညာသင်နှစ်တွင် အနိမ့်ဆုံးအ မှတ် ကျား ၅၁၆ မှတ်နှင့် မ ၅၀၀ မှတ်တို့ဖြင့် ဝင်ခွင့်ရရှိရာ ယခုနှစ် တွင် ဝင်ခွင့်ရ အနိမ့်ဆုံးအမှတ် အနည်းငယ်လျော့ကျသည်။ 

ယခုပညာသင်နှစ် အမှတ် အမြင့်ဆုံးစာရင်း ဒုတိယနေရာ၌ ဆေးတက္ကသိုလ်များရှိနေပြီး အ နိမ့်ဆုံးဝင်ခွင့်အမှတ်သည် ကျား ၄၉၃ မှတ်၊ မ ၅၀၃ မှတ်ဖြစ်သည်။

မန္တလေးနည်းပညာတက္ကသိုလ်ဝင် ခွင့်အမှတ်သည် ကျား ၄၉၂ မှတ်၊ မ ၄၉၂ မှတ်ဖြစ်ပြီး တတိယအမှတ်အမြင့်ဆုံးတက္ကသိုလ်ဖြစ်သည်။ 

ထို့နောက် သွားဘက်ဆိုင်ရာ ဆေးပညာတက္ကသိုလ်၊ သတင်းအချက်အလက် နည်းပညာ တက္ကသိုလ်၊ ရေကြောင်းတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်(လှိုင်နယ် မြေ)၊ ရန်ကုန်ပညာရေး တက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္က သိုလ်တို့သည် အမှတ်အမြင့်ဆုံး တက္ကသိုလ်များအဖြစ်ရှိနေသည်။ 

ယခုနှစ် တက္ကသိုလ်ဝင်ခွင့် များကို တက္ကသိုလ်ဝင်ခွင့်စိစစ်ရွေး ချယ်ရေးအဖွဲ့က တက္ကသိုလ်ဝင် စာမေးပွဲရမှတ်၊ ကျောင်းသား၊ ကျောင်းသူများ၏ ဦးစားပေး လျှောက်ထားမှု၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များက လက်ခံနိုင်မည့် ကျောင်းသား အရေအတွက် အပေါ် မူတည်၍ စိစစ် ရွေးချယ်သည်။ 

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: 7day daily

Government School Read 13041 times