၂၀၁၇-၂၀၁၈ ပညာသင်​နှစ်​ တက္ကသိုလ်​၀င်​တန်း မြန်​မာစာ (နိုင်​ငံခြား) ​မေးခွန်း

၂၀၁၇-၂၀၁၈ ပညာသင်​နှစ်​ တက္ကသိုလ်​၀င်​တန်း မြန်​မာစာ (နိုင်​ငံခြား) ​မေးခွန်း

          မူရင်းအရေးအသားများ၊ ကိန်း (၂) မျိုး၊ နငယ်ပြောင်းလဲပုံ၊ ပယတ် (၄) မျိုး၊ ၀ါကျရော။

(ခ) အောက်ပါတို့မှ လေးခု ကို ရွေးချယ်၍ ဆက်စပ်ပုံအရ မည်သည့်သန္ဗန္ဓဖြစ်ကြောင်း ဖော်ပြပါ။ (၄ မှတ်)

သို့မဟုတ်၊ ၍၊ ထို့ကြောင့်၊ သကဲ့သို့၊ ထို့ပြင်၊ နှင့်။

(ဂ) အောက်ပါတို့မှ ဥပမာပစ္စည်း သုံးခု ကို ၀ါကျတွင် သုံးပြပါ။ (၆ မှတ်)

ကဲ့သို့၊ နှယ်၊ လို၊ ပမာ၊ အတိုင်း။

၂။ (က) အောက်ပါဝေါဟာရတို့အနက် ငါးခု ၏ အဓိပ္ပာယ်ကို တိကျစွာ ဖော်ပြပါ။ (၅ မှတ်)

          စုံတောပြား၊ ဥပါယ်၊ စပျစ်၊ နံကာလ၊ နို့သစ်၊ ဆိတ်ဆိတ်၊ ရွှေတောင်၊ လူကပ်ပါး။

(ခ) အောက်ပါဝေါဟာရတို့အနက် ငါးခု ကို ၀ါကျအသီးသီးတွင် သုံးပြပါ။ (၅ မှတ်)

          ဇွဲ၊ သွေးလန့်၊ မုချ၊ အကွက်ချ၊ မျှော်စင်၊ ပက်ပင်းမိ၊ လောကဓံ၊ အ၀ီစိ။

(ဂ) အောက်ပါအလင်္ကာတို့အနက် ငါးခု ကို သက်ဆိုင်ရာ သင်ခန်းစာများတွင် မည်သို့ သုံးထားကြောင်းနှင့် အဘယ်ကြောင့် ထိုအလင်္ကာမြောက်ကြောင်း ရှင်းပြပါ။ (၁၀ မှတ်)

          မီးလောက်ရဲ (ဥပမာ)၊ ခံတွင်းမဲ့ (ဥပမာ)၊ လေးမဂ်ရေ (ရူပက)၊ မျက်နှာငွေလ (ရူပက)၊ ဘ၀ပါရဂူ (၀င်္က၀ုတ္တိ)၊ အိုးစားဖက် (၀င်္က၀ုတ္တိ)၊ ဟားဟား (မြည်သံစွဲ)၊ တောင်နှယ်ပုံ (အတိသယ၀ုတ္တိ) ။

၃။ (က) အောက်ပါတို့မှ ငါးခု ကို ဖြေပါ။ (၅မှတ်)

          (၁) အိုင်ချင်းသည် မည်သည့်တေးကဗျာမျိုး ဖြစ်သနည်း။

          (၂) ဟန်ချင်းသည် မည်သည့်ကဗျာရေးဖွဲ့ပုံနှင့် တူသနည်း။

          (၃) ဆရာဖေနှင့် ခေတ်ပြိုင်စာဆိုအမည်ကို ဖော်ပြပါ။

          (၄) သူရဲကောင်းသုံးယောက်နှင့် ခရီးသည် ကဗျာမှ သူရဲကောင်းသုံးယောက်ကို ဖော်ပြပါ။

          (၅) ငွေတာရီ၏ အမည်ရင်းကို ဖော်ပြပါ။

          (၆) တေးထပ်တွင် ပိုဒ်ရေမည်မျှ ပါသနည်း။

          (၇) သံဝေဂပျို့ကို မည်သူရေးသနည်း။

          (၈) ဆရာဇော်ဂျီသည် ရန်ကုန်တက္ကသိုလ်မှ မည်သည့်ဘွဲ့များ ရရှိခဲ့သနည်း။

(ခ) “ဘုန်းနှင့်ကံနှင့်ရွှေသဇင်” ကဗျာမှ သဇင်ပန်း၏ ထူးကဲမြင့်မြတ်ပုံကို လေ့လာတင်ပြပါ။ (၁၀ မှတ်)

                               (သို့မဟုတ်)

“နွေဦးကာလမြူထသောခါ” ကဗျာတွင် ထန်းတက်သမားတို့၏ ဘ၀ကို မည်သို့ သရုပ်ဖော်ရေးဖွဲ့ထားသနည်း။

၎။ (က) အောက်ပါတို့မှ ငါးခု ကို ဖြေပါ။ (၅မှတ်)

          (၁) မှန်ကန်ခြင်းနှင့်ရဲရင်ခြင်းစကားပြေကို မည်သူရေးသနည်း။

          (၂) တိုက်စိုး၏ အမည်ရင်းကို ဖော်ပြပါ။

          (၃) မိခင်သောက စကားပြေကို မည်သည့်ဇာတ်တော်မှ ကောက်နုတ်ထားသနည်း။

          (၄) ပါမောက္ခဦးဧမောင်၏ ဇာတ်တိကို ဖော်ပြပါ။

          (၅) ဦးပုည၏ ဟောစာများအနက် ထိပ်တန်းကလိုက်သည့် ၀တ္ထုကို ဖော်ပြပါ။

          (၆) စီးချင်းတိုက်ပွဲစကားပြေကို မည်သည့်ခေတ်တွင် ရေးသားခဲ့သနည်း။

          (၇) အမျိုးသားနေ့ကို ဖော်ပြပါ။

          (၈) “ငါမအိုသေး” ဟု မိန့်ကြားသောမင်းကား မည်သူနည်း။

(ခ) “မြန်မာမှု” စကားပြေမှ မှတ်သားဖွယ်ရာများကို လေ့လာတင်ပြပါ။ (၁၀မှတ်)

(သို့မဟုတ်)

“နိဗ္ဗာန်ဆော်” စကားပြေမှ အရုဏ်ဦး မြန်မာ့ရပ်ရွာဓလေ့များကို မည်သို့ သရုပ်ဖော်တင်ပြထားသနည်း။

၅။ (က) စကားစပ်နှင့် တကွရှင်းပြပါ။ (၇ မှတ်)

“တောင်ကြံမြောက်ကြံ၊ ဘရံတောက်တီး၊ ဆင်းရဲခန်းကို၊ နိဒါန်းသွယ်လို့ ဘယ့်နှယ်ပင်ညည်းသော်လည်း၊ ဆန်နီးမယ်မဟုတ်၊ ရေကြပ်ကြပ်ရောင်းနိုင်မှ ပြောင်းဆန်ကို ကုပ်မိမယ်”

(ခ) ရေသည်ယောက်ျားနှင့် ရေသည်မိန်းမတို့ တွေ့ဆုံပုံ (သို့မဟုတ်) ရေသည်အိမ်ရှေ့မင်းသား သံဝေဂ ရပုံကို တင်ပြပါ။(၈ မှတ်)

၆။ အောက်ပါတို့အနက် တစ်ခုကို ပေးထားသော ပုံကြမ်းနှင့် အညီ စာစီကုံးပါ။ (၂၀ မှတ်)

(က) မိုးဝသန်

မိုးရာသီရောက်လာပုံ၊ မိုးရွာခါနီးအခြေအနေ၊ မိုးရွာလာပုံ၊ သစ်ပင်လယ်ကွင်း၊ မြစ်ချောင်းတို့၏ ရှုခင်းများ၊ ပန်းများပွင့်ကြပုံ၊ ပွဲလမ်းသဘင်များကျင်းပပုံ၊ ၀သန်ကာလ၏ ကောင်းကျိုးပြုပုံ။

(ခ) အားကစားနှင့်လူငယ်

အားကစားဟူသည်၊ အားကစားနည်းအမျိုးမျိုး၊ အားကစားစိတ်ဓာတ်နှင့် အကျိုးကျေးဇူး၊ လူငယ်များအားကစားလိုက်စားသင့်ပုံ၊ အားကစားဖြင့် တိုင်းပြည်ဂုဏ်ဆောင်နိုင်ပုံ၊ အတွေးအမြင်နှင့်သုံးသပ်ချက်။

(ဂ) မိတ်ဆွေစစ်

မိတ်ဆွေစစ်ဟူသည်၊ မိတ်ဆွေများစွာရှိကြသော်လည်း မိတ်ဆွေကောင်း၊ မိတ်ဆွေစစ်ရှားပါးပုံ၊ မိတ်ဆွေစစ်ရှိရန် အရေးကြီးပုံ၊ လိုအပ်ပုံ၊ မိတ်ဆွေစစ်ကြောင့် ရရှိသော အကျိုးကျေးဇူးနှင့် မိတ်တွေတုကြောင့် ရရှိသော အကျိုးမဲ့ပုံများ။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

**********************************

 myanar f1

 

fff22

 

News Read 4272 times