ထိုသင်တန်းများ တက်ရောက်နေသာ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဒုတိယနှစ်ဝက်တွင် သင်တန်းချိန်များနှင့် လက်တွေ့လုပ်ဆောင်ချိန်များကို သတ်မှတ်ရာခိုင်နှုန်းများ ပြည့်မီအောင် တက်ရောက်မည် ဖြစ်သည်။
ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ ကိုယ်တက်ရမယ့် အတန်းချိန်နဲ့ လက်တွေ့လုပ်ဆောင်တဲ့ အချိန်တွေကို လည်း မှန်မှန်တက်ဖို့ လိုအပ်ပါတယ်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
ဒုတိယနှစ်ဝက်တွင် ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်း ပြည့်မီခြင်းမရှိသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နောက်ဆုံးဖြေဆိုရမည့် ဒုတိယနှစ်ဝက် စာမေးပွဲကို ၀င်ရောက်ဖြေဆိုခွင့် ရရှိမည်မဟုတ်ပါ။
ရန်ကုန်တက္ကသိုလ်အနေဖြင့် နိုင်ငံတကာတက္ကသိုလ်များအဆင့်သို့ ရောက်ရှိရန် ဆောင်ရွက်နေသည်ဖြစ်ရော စည်းကမ်းပိုင်း၊ သင်ကြားရေးပိုင်း၊ သင်ရိုးညွှန်းတမ်း၊ ဆရာ၊ ဆရာမ ကျောင်းသားများ၏ အရည်အသွေးများ တိုးတက်စေရန်အတွက် နိုင်ငံတကာတက္ကသိုလ်များ၏ နည်းလမ်းများအတိုင်း ကျင့်သုံးဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
ရန်ကုန်တက္ကသိုလ်တွင် သင်တန်းအသီးသီး၌ ဘာသာရပ်ပေါင်း ၂၀ ကျော် ရှိပြီး တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူမှာ ၆၀၀၀ ကျော်ရှိကြောင်း သိရသည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
Source: democracy today