ဝင်ခွင့် တိုက်ရိုက်ခေါ်တဲ့ တက္ကသိုလ် ၁၁ ခုမှ ကျောင်းအပ်စတင်လက်ခံနေပြီ

ဝင်ခွင့် တိုက်ရိုက်ခေါ်တဲ့ တက္ကသိုလ် ၁၁ ခုမှ ကျောင်းအပ်စတင်လက်ခံနေပြီ

သီးခြားတက္ကသိုလ်ဝင်ခွင့် လျှောက်လွှာခေါ်ယူသည့် တက္ကသိုလ် ၁၁ ခု၏ဝင်ခွင့်ရရှိသူစာရင်းများ ကြေညာထားပြီး ကျောင်းအပ်များ စတင်လက်ခံ

သက်ဆိုင်ရာ တက္ကသိုလ်အလိုက်သီးခြားတက္ကသိုလ်ဝင်ခွင့်ဖြင့် လျှောက်လွှာခေါ်ယူသည့် တက္ကသိုလ် ၁၁ ခု၏ ဝင်ခွင့်ရရှိသူများစာရင်းကို စက်တင်ဘာ ၁၇ ရက်က သက်ဆိုင်ရာ တက္ကသိုလ်အသီးသီးတွင်ကြေညာခဲ့ပြီး ကျောင်းအပ် စတင်လက်ခံနေပြီဖြစ်ကြောင်း သိရ သည်။

အဆိုပါ တက္ကသိုလ် ၁၁ ခုတို့ မှာ

1. ရန်ကုန်နည်းပညာတက္ကသိုလ်၊

2. မန္တလေးနည်း ပညာတက္ကသိုလ်၊

3. နည်းပညာတက္ကသိုလ်(မန္တလေး)၊

4. သတင်းအချက်အလက်နည်းပညာတက္ကသိုလ်၊

5. မန္တလေးကွန်ပျူတာတက္ကသိုလ်၊

6. ရန်ကုန်တက္ကသိုလ်၊

7. မန္တလေးတက္ကသိုလ်၊

8. ရန်ကုန်စီးပွားရေးတက္ကသိုလ်(ရွာသာကြီး)၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်( လှိုင်နယ်မြေ)၊

9. ရန်ကုန်ပညာရေးတက္ကသိုလ်၊

10. ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊

11. မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်တို့ဖြစ်ကြောင်း သိရသည်။

တစ်ကျောင်းထက်ပို၍ ဝင်ခွင့် ရသူများသည် တက်ရောက်လိုသည့် ကျောင်းကိုဆုံးဖြတ်ရွေးချယ်ကာ သတ်မှတ်ရက်အတွင်းကျောင်းအပ်ရမည်ဖြစ်ပြီး ပထမဦးစားပေး၊ဒုတိယ ဦးစားပေး၊ တတိယဦးစားပေးတစ်ခုခုတွင် ဝင်ခွင့်ရရှိထားသူများ စက်တင်ဘာ ၁၇ရက်မှစတင်ကာ ကျောင်းစတင်အပ်နိုင်ပြီဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ်တွင်လည်း ကြေညာထားသည်။

“ဒီနှစ်အတွက် ရန်ကုန်တက္ကသိုလ်ဘာသာရပ် ၂၆ ခုအတွက် ဝင်ခွင့်ရရှိသူက၁၉၆၂ ဦးပါ။

ကျွန်တော်တို့က ဝင်ခွင့်ကို တက္ကသိုလ်ဝင်ခွင့်ရမှတ်တစ်ခုတည်းနဲ့ မဟုတ်ဘူး။

နှုတ်ဖြေရမှတ်လည်း လိုတယ်ဆိုတော့ အမြင့်ဆုံးရမှတ်၊ အနိမ့်ဆုံးရမှတ် ပြောလို့မရဘူး။

ကျောင်းအပ်တာကိုတော့ ဒီနေ့ကစပြီး လက်ခံနေပါပြီ’ဟု ရန်ကုန်တက္ကသိုလ် လက်ထောက်မော်ကွန်ထိန်း ဦးအောင်စိုးက ပြောဆိုသည်။

မန္တလေးတက္ကသိုလ်တွင် ၂၀၁၈-၂၀၁၉ပထမနှစ် ဘွဲ့ကြိုဝင်ခွင့် ရရှိသူများတွင် မြန်မာစာဘာသာရပ်အတွက် ၉၄ ဦး၊ အင်္ဂလိပ်စာဘာသာရပ်အတွက် ၆၄ ဦး၊ ပထဝီဝင်ဘာသာရပ်အတွက် ၂၄ ဦး၊ သမိုင်းဘာသာရပ် အတွက်၄၀၊ ဒဿနိကဗေဒ ဘာသာ ရပ်အတွက် ၄၄ ဦး၊စိတ်ပညာဘာသာရပ်အတွက် ၆၈ ဦး၊ ဥပဒေပညာဘာသာရပ်အတွက် ၉၀၊ အရှေ့တိုင်းပညာ ဘာသာရပ်အတွက် ၅၄ ဦး၊ နိုင်ငံတကာဆက်ဆံရေးပညာဘာသာရပ်အတွက် ၇၂ ဦး ၊ရှေးဟောင်းသုတေသနပညာ ဘာသာရပ်အတွက် ၃၃ဦး၊ မနုဿဗေဒဘာသာရပ်အတွက်၃၃ ဦး၊နိုင်ငံရေးဘာသာအတွက်၆၅ဦး၊ မြန်မာမှုဘာသာရပ်အတွက် ၂၁ ဦး၊ ဓာတုဗေဒဘာသာရပ်အတွက် ၁၀၁ ဦး၊ ရူပဗေဒဘာသာရပ်အတွက် ၇၀၊ သချာင်္ဘာသာရပ်အတွက် ၉၁ ဦး၊ သတ္တဗေဒဘာသာရပ်အတွက်၈၁ ဦး၊ ရုက္ခဗေဒ ဘာသာရပ်အတွက် ၆၀၊ ဘူမိဗေဒဘာသာရပ်အတွက် ၉၀၊ ကုန်ထုတ်ဓာတုဗေဒဘာသာရပ် အတွက် ၈၈ ဦး၊ ကွန်ပျူတာသိပ္ပံဘာသာရပ်အတွက် ၆၅ ဦး၊ ဇီဝဓာတုဗေဒဘာသာရပ်အတွက် ၁၃ ဦး၊ အဏုဇီဝဗေဒဘာသာရပ်အတွက် ၆၀၊ ပတ်ဝန်း ကျင်ဆိုင်ရာလေ့လာမှုပညာဘာသာရပ်အတွက် ၄၄ ဦးစုစုပေါင်း ၁၄၆၅ ဦး ဝင်ခွင့်ရရှိခဲ့ကြောင်းသိရသည်။

ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင်၂၀၁၈-၂၀၁၉ ပထမနှစ်ဝင်ခွင့်အတွက်လှိုင်နယ်မြေတွင် ၂၅၃ ဦး ဝင်ခွင့်ရရှိခဲ့ပြီး ရွာသာကြီးနယ်မြေတွင် ၁၄၂၉ ဦးဝင်ခွင့်ရရှိခဲ့ကြောင်း၊ကျောင်းအပ်လက်ခံခြင်းအတွက် ရွာသာကြီးနယ်မြေတွင် ပထမနှစ်ဝင်ခွင့်အတွက် ၂၀၁၈ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်လက်မှတ်မှတ် မိတ္တူ၊ခြောက်လအတွင်းရိုက်ကူးထားသောဓာတ်ပုံနှစ် ပုံ၊ ကျောင်းသား၊ ကျောင်းသူ၏ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူတို့ဖြင့် လာရောက်ကျောင်းအပ်နိုင်ပြီဖြစ်ကြောင်း အဆိုပါတက္ကသိုလ်မှ ကြေညာထား သည်။

တက္ကသိုလ်ဝင်ခွင့်ရစာရင်း ကြေညာမည့်ရက်ကို ယခင်က ဩဂုတ် ၁၅ ရက်ဟုသတ်မှတ်ထားပြီး ယခုတွင် တက္ကသိုလ်ဝင်ခွင့်ရစာရင်းကြေညာမည့်ရက်ကို စက်တင်ဘာ ၁၇ရက်သို့ ပြောင်းလဲသတ်မှတ်ကြေညာခဲ့ကာ ငွေသွင်း မှတ်ပုံတင်သည့်ရက်ကို ယခင်ကတက္ကသိုလ်အသီးသီးအလိုက် သတ်မှတ်ချက်များရှိပြီးယခုစက်တင်ဘာ ၁၇ ရက်မှ အောက်တိုဘာ၁၇ ရက်အထိဟု ပြောင်းလဲသတ်မှတ်ထားကြောင်း သိရသည်။

ယင်းတက္ကသိုလ်များတွင် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာ လက်ခံခြင်းကို ဇွန် ၁၅ရက်မှ ဇူလိုင် ၁၅ ရက်အထိ ပြုလုပ်ခဲ့ပြီး လူတွေ့နှုတ်ဖြေစစ်ဆေးမှုများကို တက္ကသိုလ်တစ်ခုချင်းအလိုက် ရက်များသတ်မှတ်ကာ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးအခြေအနေများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

source: စံတော်ချိန်

News Read 9252 times