တက္ကသိုလ်ဝင်တန်းသင်ရိုးညွှန်းတမ်းအသစ် ရေးဆွဲပြီးပါက မေးခွန်းများကို အလုံးစုံပြောင်းလဲမည်

တက္ကသိုလ်ဝင်တန်းသင်ရိုးညွှန်းတမ်းအသစ် ရေးဆွဲပြီးပါက မေးခွန်းများကို အလုံးစုံပြောင်းလဲမည်

လာမည့်ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မေးခွန်းပုံစံများကို စတင်ပြောင်းလဲကျင့်သုံးရန်အတွက် ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာလျက်ရှိရာ လာမည့်ပညာသင်နှစ်၏ တက္ကသိုလ်ဝင်တန်းစာမေးပွဲ မေးခွန်းပုံစံသည် စဉ်းစားတွေးခေါ်မှုအပေါ် မူတည်ပြီး မေးမြန်းမည့် မေးခွန်းအချို့ထည့်သွင်းမေးမြန်းမည် ဖြစ်သည်။

ယင်းကဲ့သို့ မေးမြန်းရာတွင် စာမေးပွဲမေးခွန်းပုံစံတစ်ခုလုံးကို ပြောင်းလဲခြင်းမျိုးမဟုတ်ပဲ တစ်စိတ်တစ်ပိုင်းသာ ပြောင်းလဲထားခြင်းဖြစ်သည်။

လက်ရှိတွင် ပညာရေးဝန်ကြီးဌာနမှ အတန်းအဆင့်အလိုက် သင်ရိုးညွှန်းတမ်းအသစ်များ ရေးဆွဲပြီး သင်ရိုးညွှန်းတမ်းများကိုပါ ပြောင်းလဲလျက်ရှိရာ ၂၀၂၃ ခုနှစ်တွင် အတန်းအားလုံး၏ သင်ရိုးများကို ပြောင်းလဲပြီးစီးမည်ဖြစ်သည်။

ယင်းပညာသင်နှစ်တွင် သင်ရိုးညွှန်းတမ်းများအပြင် စာမေးပွဲမေးခွန်းပုံစံကိုလည်း အလုံးစုံပြောင်းလဲသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

“၂၀၂၃ မှာ အထက်တန်းအဆင့်ကို ပြဌာန်းစာအုပ်အသစ်နဲ့ သင်ရမည်။ အဲဒီအချိန်ကျရင် ကျောင်းသား/သူများရဲ့ စဉ်းစားတွေးခေါ်နိုင်မှု၊ တီထွင်ကြံဆနိုင်မှုတွေအပေါ် မူတည်ပြီး အပြည့်အ၀ စစ်ဆေးတဲ့မေးခွန်းများ ဖြစ်လာမည်။ အခုကတော့ တစ်စိတ်တစ်ပိုင်းပဲ ပြုလုပ်ထားပါသေးတယ်” ဟုပြောသည်။

ပညာရေးဝန်ကြီးဌာနအနေဖြင့် နှစ်အလိုက် အခြေခံပညာအတန်းများ၏ သင်ရိုးညွှန်းတမ်းများကို ပြုပြင်ပြောင်းလဲခဲ့ရာ ၂၀၁၆-၁၇ ပညာသင်နှစ်မှ စတင်ပြောင်းလဲခဲ့ရာ KG+12 ပညာရေးစနစ်အရ သင်ရိုးညွှန်းတမ်းများကို ၂၀၁၉-၂၀ ခုနှစ်တွင် G-3, G-6၊ ၂၀၂၀-၂၁ ခုနှစ်တွင် G-4, G-7, G-10 တို့အား တစ်နှစ်ချင်းစီ ပြုပြင်ပြောင်းလဲသွားမည် ဖြစ်သည်။

ယင်းအတန်းများ၏ လိုအပ်သော ကျောင်းသုံးဖတ်စာအုပ်နှင့် ဆရာကိုင်စာအုပ်များကို ၂၀၂၂-၂၃ မတိုင်မီတွင် ပြီးစီးရန် ဆောင်ရွက်သွားမည် ဖြစ်သည်။

၂၀၁၈-၁၉ ပညာသင်နှစ်တွင် ဒုတိယတန်းအား သင်ရိုးညွှန်းတမ်းအသစ်ဖြင့် စတင်သင်ကြားတော့မည်ဖြစ်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: democracy

News Read 1986 times