(၁၀) တန်းအမှတ်စာရင်းများကို ဇွန်လ (၁၀) ရက်နေ့ (ယနေ့)မှစတင်ထုတ်ယူနိုင်ပါပြီ

(၁၀) တန်းအမှတ်စာရင်းများကို ဇွန်လ (၁၀) ရက်နေ့ (ယနေ့)မှစတင်ထုတ်ယူနိုင်ပါပြီ

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်း အမှတ်စာရင်းများကို ရုံးအမှတ် (၅၂) နေပြည်တော်နှင့် ရန်ကုန်မြို့ ပါရမီလမ်းပေါ်ရှိ လှိုင်တက္ကသိုလ်နယ်မြေဝင်း ဂိတ် () ဝင်ပေါက်အနီး မြန်မာနိုင်ငံစာစစ်ဦးစီးဌာန (အောက်မြန်မာ) ရုံးတို့တွင် ဇွန်လ(၁၀) ရက်နေ့ (ယနေ့) နံနက်ပိုင်းမှစကာ နှစ်နေရာခွဲ၍ စတင်ထုတ်ပေးမည်ဖြစ်ပါတယ်။

 

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့ကြီးများတွင်လည်း ထပ်မံထုတ်ပေးနိုင်ရေးအတွက် မိုဘိုင်းလ်တက္ကသိုလ်ဝင်တန်း အမှတ်စာရင်းထုတ်ပေးရေးအဖွဲ့များ စေလွှတ်နိုင်ရေးကို စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမိုးမြင့်ကျော် ထံမှ သိရပါတယ်။

 

အဆိုပါ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အမှတ်စာရင်း လာရောက်ထုတ်ယူသူများအနေဖြင့် တံဆိပ်ခေါင်းနှင့် လျှောက်လွှာထုတ်ယူပြီး " အမှတ်စာရင်းတောင်းခံသူအမည်၊ စာစစ်ဌာန၊ ခုံအမှတ်၊ အဘအမည်နှင့် ဖြေဆိုသည့်ခုနှစ် " ထည့်သွင်းရေးသားလျှောက်ထားရမည်ဖြစ်သည်။ကျောင်းသားမိဘ၊ ကျောင်းသားကိုယ်တိုင်၊ ကိုယ်စားလှယ်များအနေဖြင့် လည်းလာရောက်ထုတ်ယူနိုင်ပါတယ်။

 

Read More: ၁၀ တန်း အောင်စာရင်း

 

အချက်အလက်မှန်ကန်လျှင်ထုတ်ယူနိုင်ကြောင်း၊ စတင်ထုတ်ပေးသည့် ဇွန်လ (၁၀) ရက်နေ့ (ယနေ့) မှ အမှတ်စာရင်းလာရောက်ထုတ်ယူသူ ကုန်သည်အထိ ထုတ်ပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မြန်မာနိုင်ငံဦးစီးဌာနမှ သိရပါတယ်။

 

ထပ်မံ၍ အထက်မြန်မာပြည် နှင့် အောက်မြန်မာပြည်များကိုလည်းယခင်နှစ်များအတိုင်း ဆောင်ရွက်နိုင်ရေးကို မိုဘိုင်းလ်တက္ကသိုလ်ဝင်တန်းအမှတ်ပေးစာရင်းထုတ်ပေးရေးအဖွဲ့များလည်း ဖွဲ့စည်းကာ စေလွှတ်ရန် စီစဉ်ဆောင်ရွက်နေကြောင်းသိရပါတယ်။

 

လိုအပ်ချက်များ ပြည့်စုံမှုမရှိလျှင်ထုတ်ပေးမည်မဟုတ်ပါသောကြောင့် လိုအပ်မည်ဟုထင်သည်များကို ဂရုတစိုက်ယူသွားရန် အောက်တွင်ထပ်မံဖော်ပြပေးလိုက်ပါတယ်။

 

(၁၀) တန်း အမှတ်စာရင်း/အောင်လက်မှတ် ထုတ်ယူရန် လိုအပ်ချက်များ

**အမည်

**မှတ်ပုံတင်နံပါတ် (ရှေ့/နောက်)

**Passport လိုင်စင်ပုံ (နောက်ခံ အပြာ)

**ဖခင်အမည်၊ မိခင်အမည်

**ခုံနံပါတ်၊ အောင်မြင်သည့်ခုနှစ်

**စာစစ်ဌာန

**နေရပ်လိပ်စာအပြည့်အစုံ

**ဖုန်းနံပါတ် စသည်များလိုအပ်ပါသည်။

 

**(ကိုယ်စားထုတ်ယူလိုလျှင်လည်း အထက်ပါလိုအပ်ချက်များ ပါရှိရပါမည်။)**

 

 

News Read 5166 times