Sales Hotline : 09448001653       Download App



ကလေးများလေ့လာသင့်တဲ့အကောင်းဆုံး Youtube Channel (5) ခု

 

 

သင့်ကလေးအနေနဲ့ အရွယ်တစ်ခုရောက်ပြီး Screening Time ပေးရတော့မယ်ဆိုရင် တီဗွီမှာ လာတဲ့အစီအစဥ်တွေကို ဒီတိုင်းဖွင့်ပေးထားတာ၊ ဖုန်းပေးထားပြီး ဂိမ်းဆော့ခိုင်းတာ၊ ကာတွန်းကားဖွင့်ပြတာထက် အကျိုးရှိမယ့် Youtube Channel လေးတွေအကြောင်း မိတ်ဆက်ပေးချင်ပါတယ်။

 

ကလေးငယ်တွေအနေနဲ့ Screen Time က တစ်နေ့ကို ဘယ်နှစ်နာရီသတ်သတ်မှတ်မှတ်ရှိသင့်ပါတယ်။ ကိုယ့်ကလေးရဲ့ Screen Time မှာ ကလေးအတွက်လည်း မပျင်းရအောင်၊ ရှိထားတဲ့ ဉာဏ်ရည်ဉာဏ်သွေးလည်း ပိုပြီး ထက်မြက်ကောင်းမွန်လာအောင်၊ ဗဟုသုတလည်းရအောင် ဖေဖေ၊မေမေ,တို့ ဖွင့်ပြသင့်တဲ့အကောင်းဆုံ Youtube Channel (5) ခုကို တင်ပြပေးလိုက်ပါတယ်။ မွေးကင်းစ မှ မူလတန်းအထိ ရွေးချယ်ကြည့်ရှုနိုင်တဲ့ Channel များကို ခွဲခြားဖော်ပြပေးထားပါတယ်။ 
 

  1. Songs for Little

 

NYU က Master in Music Education နဲ့ ဘွဲ့ရထားသလို Master in Early Childhood Education ကိုသင်ယူနေသူတစ်ယောက်ဖြစ်တဲ့ Miss Rachel ဖန်တီးထားတဲ့ ဗီဒီယိုလေးတွေကို တင်ဆက်ပေးတဲ့ Channel တစ်ခုဖြစ်ပါတယ်။ သီချင်းလေးတွေဆိုပြပြီး ကလေးတွေ စိတ်ဝင်စားအောင် စာသင်ပေးတာဖြစ်တဲ့အတွက် ကလေးတွေအတွက် စာသင်နေတယ်လို့ မခံစားရစေပဲ entertain လုပ်နေတယ်လို့ပဲ ခံစားရစေမှာ အမှန်ပါပဲ။ ကာတွန်းပုံလေးတွေနဲ့ပါ တွဲသင်တာကြောင့် ကလေးပိစိလေးတွေကနေ Preschool အရွယ်ထိ ကြည့်သင့်တဲ့ Channel လေးပါ။ 

 

Channel Link > https://www.youtube.com/@msrachel

 

  1. Khan Academy Kids 

 

အသက်အားဖြင့် ၂ နှစ်ကနေ ၇ နှစ်အရွယ်အတွင်း ကလေးတွေအတွက်ပါ။ ကလေးများအပြင် ကလေးမိဘများ၊ဆရာ/ဆရာမများအတွက်လည်းအဆင်ပြေပါတယ်။ ကလေးငယ်များအတွက် Daily Circle Time ဗီဒီယိုလေးများကို နေ့စဥ်တင်ဆက်ပေးပြီး ထိုဗီဒီထဲမှာဆိုရင် ကလေးများကို ပုံပြင်ဖတ်ပြခြင်း၊ ကလေးများနဲ့အတူ ဂိမ်းလေးတွေအတူဆော့ကစားခြင်း၊ Activities လေးတွေတူတူလုပ်ဆောင်ခြင်းများလည်း ပါဝင်ပါတယ်။ထို့အပြင် အင်္ဂလိပ်စာ စကားလုံးလေးများရဲ့ အသံထွက်ပုံ ထွက်နည်း Vowel,Consonant ကို ကာတွန်းဗီဒီယိုလေးများဖြင့် ကလေးများ မှတ်မိလွယ်အောင်ရိုက်ကူး တင်ဆက်ပေးထားသော ဗီဒီယိုများလည်း ပါရှိပါတယ်။

 

Channel Link > https://www.youtube.com/@KhanAcademyKids

 

  1. Mr.DeMaio

 

Mr.Demaio ရဲ့ Review ကောင်းတွေအများကြီးရရှိထားတဲ့ Channel ပါ။ မူလတန်းအရွယ်ကလေးနဲ့ ကလေးမိဘများအကြား နာမည်ကြီးရေပန်းစားတဲ့ Learning Channel တစ်ခုလို့ ပြောရင်လည်း မမှားပါဘူး။ ကျောင်းနေအရွယ်ကလေးတွေအတွက် သမိုင်း၊လူမှုရေးဘာသာရပ်နဲ့ သိပ္ပံပညာရပ်တွေကို အကောင်းဆုံး လေ့လာနိုင်မှာပါ။ ကလေးနဲ့မိဘတွေ ဘာကိုကြိုက်တယ်၊ ဒီအရွယ်မှာ ကလေးတွေက ဘယ်လိုလေ့လာရတာကို ကြိုက်နှစ်သက်တယ်ဆိုတာ ကောင်းကောင်းအထာနပ်တဲ့ ဆရာတစ်ယောက်ပါ။ ဗီဒီယိုတွေက ပျှမ်းမျှအားဖြင့် ၁၀ မိနစ် မှ မိနစ် ၂၀ ကြာမြင့်ပါတယ်။ 

 

Channel Link > https://www.youtube.com/@MrDeMaio
 

  1. PBS Kids

 

သူငယ်တန်းစတတ်မည့်အရွယ်ကလေးများ အထူးကြိုက်နှစ်သက်ကြသော Channel တစ်ခုပါ။ကလေးများရဲ့ စိတ်ခံစားမှုဆိုင်ရာ နဲ့ ဉာဏ်ရည်ဉာဏ်သွေးအတွက် အထူးဦးစားပေး ရိုက်ကူးထားသော စိတ်ဝင်စားစရာ ကောင်းသည့် Animation Cartoon Video လေးများဖြစ်သည်။ သီချင်းလေးများ၊ ဂိမ်းများ၊ အကလေးများ၊ ပုံပြင်များဖြင့် စုံစုံလင်လင် တင်ဆက်ပေးထားသောကြောင့် မိဘများအနေနဲ့ ကလေးငယ်များအတွက် လက်စွဲထားသင့်သည့် Channel တစ်ခုဖြစ်သည်။

 

Channel Link > https://www.youtube.com/@PBSKIDS

 

  1. Sci Show Kids

 

မူလတန်းကလေးများအတွက် ရည်ရွယ်တင်ဆက်ထားတဲ့ Channel တစ်ခုပါ။ Next Generation Science Standards (NGSS) လို့ခေါ်တဲ့ သင်ရိုးပေါ်မှာ အခြေခံပြီး တင်ဆက်ထားတဲ့ ဗီဒီယိုတွေဟာဆိုရင်  မူလတန်းအရွယ် ကလေးငယ်များ သိပ္ပံရဲ့ အခြေခံ သဘောတရားများကို ကောင်းကောင်း အကျွမ်းတဝင် လေ့လာနိုင်မှာပါ။ ကလေးများရဲ့ ထူးထူးခြားခြား မေးတတ်တဲ့ မေးခွန်းများကိုလည်း ဒီဗီဒီယိုတွေကနေ အဖြေရှာနိုင်ပါတယ်။ လေ့လာစမ်းသပ်ချက်များလည်း လိုက်ပါလုပ်ဆောင်နိုင်သောကြောင့် ကလေးများ အထူးစိတ်ဝင်စားမယ့် Channel တစ်ခုပဲဖြစ်ပါတယ်။

 

Channel Link > https://www.youtube.com/@SciShowKids/featured

 

Latest Post Pre-school Primary Kindergarten Read 1181 times