ယခုဖော်ပြမဲ့ အနေအထား (၈) မျိုးမှာဆို Present Tense ကိုအသုံးပြုနိုင်ပါတယ်...

**Unicode**

ယခုဖော်ပြမဲ့ အနေအထား (၈) မျိုးမှာဆို Present Tense ကိုအသုံးပြုနိုင်ပါတယ်...

အင်္ဂလိပ် သဒါ္ဒလေ့လာတဲ့ အခါမှာ ကျောင်းသား အများစု တိုင်ပတ်လေ့ရှိတာက ကိုယ် ပြောချင်ရေးချင်တဲ့ စာကြောင်းမှာ ပါနေတဲ့ Verbs တွေကို ဘယ် Tenses  တွေနဲ့ သုံးစွဲရမလဲ ဆိုပြီး စဉ်းစားဆုံးဖြတ်ရတဲ့ အခါမျိုးတွေကြုံတတ်ပါတယ်။

** အင်္ဂလိပ် သဒါ္ဒ အရ Tenses က (၁၂) မျိုးလောက် ခွဲထားတော့ 
ဘယ် အခြေအနေ အချိန်အခါမျိုးမှာ 
ဘယ် Tense ကို သုံးရမလဲ ဆိုတာ လေ့လာသူတွေ အတွက် 
တကယ်ကို ခေါင်းစားစရာ ဖြစ်တတ်ပါတယ်။

ပိုဆိုးတာက Present Tense ကို ပစ္စုပန် လို့ အလွယ်ဘာသာပြန်သင်လိုက်တာကို 
အတန်းကြီးတဲ့အထိ ( တစ်ချို့တွေဘွဲ့ရပြီး လုပ်ငန်းခွင် ဝင်တဲ့အထိ ) အသေ မှတ်ထားမိပြီး
(ငယ်ငယ်က ဆရာသင်ပေးလိုက်တာကို ကိုယ့် ဘာသာ ချဲ့ထွင်မလေ့လာဖြစ်ရင် ) 
အနာဂတ် အကြောင်း ပြောတဲ့အခါမှာ Present Tense ကို သုံးလို့ရမှန်း မသိတော့ မသုံးမိပဲသဘာဝကျတဲ့ အင်္ဂလိပ်စကားမျိုး မဖြစ်တော့ပဲ ခပ်ထောင့်ထောင့် " စာ စကား " မျိုးတွေ ပြောမိတတ်တော့တာပဲ ။

Present Continuous Tense ကို လက်ရှိ လုပ်နေ ဆဲ အချိန်မှာ သုံးရတယ်ဆိုတာလောက်ပဲ အသေမှတ်ထားရင်အနာဂတ်အတွက် Present Continuous Tense သုံးလို့ရတဲ့ နေရာတွေမှာ တိတိကျကျ လှလှပပ မသုံးတတ်ပဲ ဖြစ်နေတာမျိုးကြုံရတတ်တယ်။

**ဒါကြောင့် Tenses တွေကို လေ့လာတဲ့အခါ အခြေခံအဆင့်မှာ အပေါ်ယံအလွယ် မှတ်ခဲ့တာတွေရှိရင်တောင်
နောင်ကျရင် တဖြည်းဖြည်း တိုးချဲ့အသေးစိတ်ပြီး လေ့လာသင့်ပါတယ်။

Tense တစ်ခုကို ဘယ်လိုသုံးရမလဲ ဆိုတဲ့ကိစ္စဟာ နည်းနည်း လွယ်ပေမယ့်ဘယ်လိုနေရာ၊ ဘယ်လို၊ အချိန်အခါ မျိုးမှာ၊ ဘာကြောင့်သုံးရမယ် ဆိုတာမျိုး စဉ်းစားရတာကတော့ နည်းနည်း ပညာသားပိုပါလို့ ဒီစာစုမှာ ဒီကိစ္စလေးကို ဆွေးနွေးမျှဝေပေးသွားပါမှာဖြစ်ပါတယ်။

အခု စာစုမှာတော့ အခြေခံအကျဆုံးနဲ့ အတွေ့ရအများဆုံးလို့ ပြောနိုင်တဲ့ 
(Simple) Present Tense ကိုဘယ်လို နေရာမျိုးတွေမှာ အသုံးပြုရမယ်ဆိုတာလေးကို ဆွေးနွေးပေးမည်ဖြစ်ပါတယ်။

1.
ပထမဆုံး အသုံးကတော့ အများစု သိပြီးသားပါ ။Present Tense ကို ယေဘူယမှန်တဲ့၊ အများအားဖြင့် မှန်ကန်တဲ့ အကြောင်းအရာတွေကို ပြောဆိုရေးသားရာမှာ သုံးပါတယ်။

** Plants die without water. ( အပင်တွေဟာ ရေမရှိရင် သေတယ် ။ )
** Two and two make four. ( ၂ နဲ့ ၂ ပေါင်းရင် ၄ ရတယ် ။ ) 
** The sky isn't green. ( ကောင်းကင်ဆိုတာ အစိမ်းရောင် မဟုတ်ဘူး ။ ) စတာမျိုးတွေပေါ့ ။ 
2.
အမြဲတမ်း ( နီးပါး ) ဖြစ်နေ တဲ့ အနေအထားမျိုး ၊ လုပ်ရပ်မျိုးတွေမှာလည်း Present Tense ကို သုံးပါတယ် ။
** Where do you live? ( မင်းဘယ်မှာ နေတာလဲ ။ )
** She works in a bank. ( သူကဘဏ်မှာ အလုပ်လုပ်တာ ။ )
** They love coffee. ( သူတို့က ကော်ဖီ ကြိုက်တယ် ။ ) 
3.
တတိယ အသုံးကတော့ ကျွန်တော်တို့ ပုံမှန်လုပ်လေ့ရှိတဲ့ အရာတွေ ၊ အလေ့အကျင့်တွေအကြောင်း ပြောရင်သုံးပါတယ် ။ များသောအားဖြင့် အကြိမ်အရေအတွက်ပြ ကြိယာဝိသေသန (adverbs of frequency) နဲ့ တွဲသုံးလေ့ရှိတယ် ။ 
** I play tennis every Tuesday. 
(အင်္ဂါနေ့တိုင်းကျွန်တော်တင်းနစ် ကစားတယ်။)
** We sometimes go to the cinema. 
(ကျွန်တော်တို့ တစ်ခါတလေ ရုပ်ရှင်ရုံ သွားလေ့ရှိတယ် / ရုပ်ရှင်သွားကြည့်လေ့ရှိတယ်။) 
4.
စာအုပ် ၊ ပြဇာတ် ၊ ရုပ်ရှင် တွေထဲမှာ ဖြစ်သွားတဲ့ ဖြစ်ရပ်တွေ အကြောင်း ပြောရင်လည်း Present Tense ကို သုံးပါတယ် ။
** The hero dies at the end of the film. 
(ဇာတ်လမ်း အဆုံးမှာ သူရဲကောင်း သေသွားတယ်လေ။)
** The main character is very pretty and works in a bookshop. 
(အဓိက ဇာတ်ကောင်က အတော်လေးလှတယ်။)
စာအုပ်ဆိုင်မှာ အလုပ်လုပ်တယ်လေ။ 
5.
" the first and the zero conditionals " တွေမှာ သုံးပါတယ် ။ (Conditionals အကြောင်းကတော့ နောက်မှ သီးသန့် ဆွေးနွေးပါဦးမယ်)
အဓိကက " ဒါ ဖြစ်ရင် ... ဒါ ဖြစ်မယ် " ဆိုတာမျိုးတွေပေါ့ ။ 
** If it rains, I won't come. 
(မိုးရွာရင် ငါ မလာတော့ဘူး။)
** If you heat water to 100 degrees, it boils. 
(ရေကို (၁၀၀) ဒီဂရီအထိ အပူပေးလိုက်ရင် ဆူပွက်လာမှာ။) 
6.
ဒီ အသုံးကတော့ ထူးထူးခြားခြားပါပဲ ။ အနာဂတ် အကြောင်း ပြောတဲ့ နေရာမှာ လည်း Present Tense ကို သုံးနိုင်ပါတယ် ။အချိန်ဇယားတွေ ၊ အတိအကျ သတ်မှတ်ပြီးသား အစီအစဉ်တွေ အကြောင်း ပြောဆိုတဲ့ အခါမှာ 
(ကာလက အနာဂတ်မှာ ဖြစ်နေပေမယ့်လည်း) Present Tense ကို သုံးနိုင်ပါတယ်။
များသောအားဖြင့် အဲ့ဒီ အချိန်ဇယားတွေကို စီစဉ်ရေးဆွဲတာက 
ကျွန်တော်တို့ (ပြောဆိုသူ) မဟုတ်ပဲ
ပြင်ပအဖွဲ့အစည်းတစ်ခုခုက ဖြစ်နေတဲ့ အခါမျိုးတွေပေါ့ ။ 
** School begins at nine tomorrow. 
(မနက်ဖြန် ကျောင်းချိန်က (၉) နာရီဆို စပြီ။)
** Our train leaves at eleven
(ငါတို့ စီးရမယ့် ရထားက (၁၁) နာရီမှာထွက်မှာ။)
** What time does the film start? 
(ရုပ်ရှင် ဘယ်တော့စပြမှာလဲ။)
** When does the class finish? 
(အတန်း ဘယ်အချိန်ပြီးမှာလဲ။) 
..... စတာမျိုးတွေ။
7.
'when', 'until', 'after', 'before' , 'as soon as စတဲ့စကားလုံးတွေရဲ့ အနောက်ကနေ လိုက်ပြီးအနာဂတ် အကြောင်း ကို ပြောဆိုရာမှာလည်း Present Tense ကိုသုံးပါတယ်။(ဒီစကားလုံးတွေပါဝင်ဦးဆောင်တဲ့စာစုအတွင်းမှာ Present Tense ကို သုံးရပြီးနောက်စာစုတစ်ခုအတွင်းမှာ တော့ Future Tense ကိုသုံးလေ့ရှိပါတယ်)
** I will call you when I have time. 
(ငါအချိန်ရရင်မင်းဆီ ဖုန်းခေါ်လိုက်မယ်။)
** I won't go out until it stops raining.  
(မိုးမတိတ်မချင်းငါအပြင်မထွက်ဘူး။)
** She'll come as soon as her babysitter arrives. 
(ကလေးထိန်း ရောက်လာတာနဲ့ သူ(မ) ထွက်လာလိမ့်မယ်။)
** I'll give you the book before you go. 
(မင်းမသွားခင်ငါ စာအုပ်ပေးလိုက်မယ်။) 
8.
နောက်ဆုံးအနေနဲ့ မှတ်ထားသင့်တာကတော့ Stative verbs တွေနဲ့ ပြောဆိုရေးသားရတဲ့ အခါမှာလည်း Present Tense ကိုသုံးပေးရပါတယ် ။ (သာမန် အားဖြင့် present continuous သုံးလို့ရလောက်တဲ့ အခြေအနေမျိုး ဖြစ်နေပေမယ့်ကိုယ် အသုံးပြုတဲ့ Verb က ပြုလုပ်ခြင်းပြကြိယာ (Action Verbs ) မျိုးမဟုတ်ပဲအခြေအနေ ၊ စိတ်ခံစားချက်ပြကြိယာ 
(Stative or State verbs) မျိုးဖြစ်နေတဲ့ အခါမှာ Present Tense ကိုသုံးပေးရတာပါ။)

Credit : ကိုဇေ(Active English Myanmar)

**Zawgyi**

အဂၤလိပ္ သဒါၵေလ့လာတဲ့ အခါမွာ ေက်ာင္းသား အမ်ားစု တိုင္ပတ္ေလ့ရွိတာက ကိုယ္ ေျပာခ်င္ေရးခ်င္တဲ့ စာေၾကာင္းမွာ ပါေနတဲ့ Verbs ေတြကို ဘယ္ Tenses  ေတြနဲ႕ သုံးစြဲရမလဲ ဆိုၿပီး စဥ္းစားဆုံးျဖတ္ရတဲ့ အခါမ်ိဳးေတြႀကံဳတတ္ပါတယ္။

** အဂၤလိပ္ သဒါၵ အရ Tenses က (၁၂) မ်ိဳးေလာက္ ခြဲထားေတာ့ 
ဘယ္ အေျခအေန အခ်ိန္အခါမ်ိဳးမွာ 
ဘယ္ Tense ကို သုံးရမလဲ ဆိုတာ ေလ့လာသူေတြ အတြက္ 
တကယ္ကို ေခါင္းစားစရာ ျဖစ္တတ္ပါတယ္။

ပိုဆိုးတာက Present Tense ကို ပစၥဳပန္ လို႕ အလြယ္ဘာသာျပန္သင္လိုက္တာကို 
အတန္းႀကီးတဲ့အထိ ( တစ္ခ်ိဳ႕ေတြဘြဲ႔ရၿပီး လုပ္ငန္းခြင္ ဝင္တဲ့အထိ ) အေသ မွတ္ထားမိၿပီး
(ငယ္ငယ္က ဆရာသင္ေပးလိုက္တာကို ကိုယ့္ ဘာသာ ခ်ဲ႕ထြင္မေလ့လာျဖစ္ရင္ ) 
အနာဂတ္ အေၾကာင္း ေျပာတဲ့အခါမွာ Present Tense ကို သုံးလို႔ရမွန္း မသိေတာ့ မသုံးမိပဲသဘာဝက်တဲ့ အဂၤလိပ္စကားမ်ိဳး မျဖစ္ေတာ့ပဲ ခပ္ေထာင့္ေထာင့္ " စာ စကား " မ်ိဳးေတြ ေျပာမိတတ္ေတာ့တာပဲ ။

Present Continuous Tense ကို လက္ရွိ လုပ္ေန ဆဲ အခ်ိန္မွာ သုံးရတယ္ဆိုတာေလာက္ပဲ အေသမွတ္ထားရင္အနာဂတ္အတြက္ Present Continuous Tense သုံးလို႕ရတဲ့ ေနရာေတြမွာ တိတိက်က် လွလွပပ မသုံးတတ္ပဲ ျဖစ္ေနတာမ်ိဳးႀကံဳရတတ္တယ္။

**ဒါေၾကာင့္ Tenses ေတြကို ေလ့လာတဲ့အခါ အေျခခံအဆင့္မွာ အေပၚယံအလြယ္ မွတ္ခဲ့တာေတြရွိရင္ေတာင္
ေနာင္က်ရင္ တျဖည္းျဖည္း တိုးခ်ဲ႔အေသးစိတ္ၿပီး ေလ့လာသင့္ပါတယ္။

Tense တစ္ခုကို ဘယ္လိုသုံးရမလဲ ဆိုတဲ့ကိစၥဟာ နည္းနည္း လြယ္ေပမယ့္ဘယ္လိုေနရာ၊ ဘယ္လို၊ အခ်ိန္အခါ မ်ိဳးမွာ၊ ဘာေၾကာင့္သုံးရမယ္ ဆိုတာမ်ိဳး စဥ္းစားရတာကေတာ့ နည္းနည္း ပညာသားပိုပါလို႕ ဒီစာစုမွာ ဒီကိစၥေလးကို ေဆြးေႏြးမွ်ေဝေပးသြားပါမွာျဖစ္ပါတယ္။

အခု စာစုမွာေတာ့ အေျခခံအက်ဆုံးနဲ႕ အေတြ႕ရအမ်ားဆုံးလို႕ ေျပာႏိုင္တဲ့ 
(Simple) Present Tense ကိုဘယ္လို ေနရာမ်ိဳးေတြမွာ အသုံးျပဳရမယ္ဆိုတာေလးကို ေဆြးေႏြးေပးမည္ျဖစ္ပါတယ္။

1.
ပထမဆုံး အသုံးကေတာ့ အမ်ားစု သိၿပီးသားပါ ။Present Tense ကို ေယဘူယမွန္တဲ့၊ အမ်ားအားျဖင့္ မွန္ကန္တဲ့ အေၾကာင္းအရာေတြကို ေျပာဆိုေရးသားရာမွာ သုံးပါတယ္။

** Plants die without water. ( အပင္ေတြဟာ ေရမရွိရင္ ေသတယ္ ။ )
** Two and two make four. ( ၂ နဲ႕ ၂ ေပါင္းရင္ ၄ ရတယ္ ။ ) 
** The sky isn't green. ( ေကာင္းကင္ဆိုတာ အစိမ္းေရာင္ မဟုတ္ဘူး ။ ) စတာမ်ိဳးေတြေပါ့ ။ 
2.
အၿမဲတမ္း ( နီးပါး ) ျဖစ္ေန တဲ့ အေနအထားမ်ိဳး ၊ လုပ္ရပ္မ်ိဳးေတြမွာလည္း Present Tense ကို သုံးပါတယ္ ။
** Where do you live? ( မင္းဘယ္မွာ ေနတာလဲ ။ )
** She works in a bank. ( သူကဘဏ္မွာ အလုပ္လုပ္တာ ။ )
** They love coffee. ( သူတို႔က ေကာ္ဖီ ႀကိဳက္တယ္ ။ ) 
3.
တတိယ အသုံးကေတာ့ ကြၽန္ေတာ္တို႕ ပုံမွန္လုပ္ေလ့ရွိတဲ့ အရာေတြ ၊ အေလ့အက်င့္ေတြအေၾကာင္း ေျပာရင္သုံးပါတယ္ ။ မ်ားေသာအားျဖင့္ အႀကိမ္အေရအတြက္ျပ ႀကိယာဝိေသသန (adverbs of frequency) နဲ႕ တြဲသုံးေလ့ရွိတယ္ ။ 
** I play tennis every Tuesday. 
(အဂၤါေန႕တိုင္းကြၽန္ေတာ္တင္းနစ္ ကစားတယ္။)
** We sometimes go to the cinema. 
(ကြၽန္ေတာ္တို႕ တစ္ခါတေလ ႐ုပ္ရွင္ရုံ သြားေလ့ရွိတယ္ / ႐ုပ္ရွင္သြားၾကည့္ေလ့ရွိတယ္။) 
4.
စာအုပ္ ၊ ျပဇာတ္ ၊ ႐ုပ္ရွင္ ေတြထဲမွာ ျဖစ္သြားတဲ့ ျဖစ္ရပ္ေတြ အေၾကာင္း ေျပာရင္လည္း Present Tense ကို သုံးပါတယ္ ။
** The hero dies at the end of the film. 
(ဇာတ္လမ္း အဆုံးမွာ သူရဲေကာင္း ေသသြားတယ္ေလ။)
** The main character is very pretty and works in a bookshop. 
(အဓိက ဇာတ္ေကာင္က အေတာ္ေလးလွတယ္။)
စာအုပ္ဆိုင္မွာ အလုပ္လုပ္တယ္ေလ။ 
5.
" the first and the zero conditionals " ေတြမွာ သုံးပါတယ္ ။ (Conditionals အေၾကာင္းကေတာ့ ေနာက္မွ သီးသန္႕ ေဆြးေႏြးပါဦးမယ္)
အဓိကက " ဒါ ျဖစ္ရင္ ... ဒါ ျဖစ္မယ္ " ဆိုတာမ်ိဳးေတြေပါ့ ။ 
** If it rains, I won't come. 
(မိုးရြာရင္ ငါ မလာေတာ့ဘူး။)
** If you heat water to 100 degrees, it boils. 
(ေရကို (၁၀၀) ဒီဂရီအထိ အပူေပးလိုက္ရင္ ဆူပြက္လာမွာ။) 
6.
ဒီ အသုံးကေတာ့ ထူးထူးျခားျခားပါပဲ ။ အနာဂတ္ အေၾကာင္း ေျပာတဲ့ ေနရာမွာ လည္း Present Tense ကို သုံးႏိုင္ပါတယ္ ။အခ်ိန္ဇယားေတြ ၊ အတိအက် သတ္မွတ္ၿပီးသား အစီအစဥ္ေတြ အေၾကာင္း ေျပာဆိုတဲ့ အခါမွာ 
(ကာလက အနာဂတ္မွာ ျဖစ္ေနေပမယ့္လည္း) Present Tense ကို သုံးႏိုင္ပါတယ္။
မ်ားေသာအားျဖင့္ အဲ့ဒီ အခ်ိန္ဇယားေတြကို စီစဥ္ေရးဆြဲတာက 
ကြၽန္ေတာ္တို႕ (ေျပာဆိုသူ) မဟုတ္ပဲ
ျပင္ပအဖြဲ႕အစည္းတစ္ခုခုက ျဖစ္ေနတဲ့ အခါမ်ိဳးေတြေပါ့ ။ 
** School begins at nine tomorrow. 
(မနက္ျဖန္ ေက်ာင္းခ်ိန္က (၉) နာရီဆို စၿပီ။)
** Our train leaves at eleven
(ငါတို႕ စီးရမယ့္ ရထားက (၁၁) နာရီမွာထြက္မွာ။)
** What time does the film start? 
(႐ုပ္ရွင္ ဘယ္ေတာ့စျပမွာလဲ။)
** When does the class finish? 
(အတန္း ဘယ္အခ်ိန္ၿပီးမွာလဲ။) 
..... စတာမ်ိဳးေတြ။
7.
'when', 'until', 'after', 'before' , 'as soon as စတဲ့စကားလုံးေတြရဲ့ အေနာက္ကေန လိုက္ၿပီးအနာဂတ္ အေၾကာင္း ကို ေျပာဆိုရာမွာလည္း Present Tense ကိုသုံးပါတယ္။(ဒီစကားလုံးေတြပါဝင္ဦးေဆာင္တဲ့စာစုအတြင္းမွာ Present Tense ကို သုံးရၿပီးေနာက္စာစုတစ္ခုအတြင္းမွာ ေတာ့ Future Tense ကိုသုံးေလ့ရွိပါတယ္)
** I will call you when I have time. 
(ငါအခ်ိန္ရရင္မင္းဆီ ဖုန္းေခၚလိုက္မယ္။)
** I won't go out until it stops raining.  
(မိုးမတိတ္မခ်င္းငါအျပင္မထြက္ဘူး။)
** She'll come as soon as her babysitter arrives. 
(ကေလးထိန္း ေရာက္လာတာနဲ႕ သူ(မ) ထြက္လာလိမ့္မယ္။)
** I'll give you the book before you go. 
(မင္းမသြားခင္ငါ စာအုပ္ေပးလိုက္မယ္။) 
8.
ေနာက္ဆုံးအေနနဲ႕ မွတ္ထားသင့္တာကေတာ့ Stative verbs ေတြနဲ႕ ေျပာဆိုေရးသားရတဲ့ အခါမွာလည္း Present Tense ကိုသုံးေပးရပါတယ္ ။ (သာမန္ အားျဖင့္ present continuous သုံးလို႕ရေလာက္တဲ့ အေျခအေနမ်ိဳး ျဖစ္ေနေပမယ့္ကိုယ္ အသုံးျပဳတဲ့ Verb က ျပဳလုပ္ျခင္းျပႀကိယာ (Action Verbs ) မ်ိဳးမဟုတ္ပဲအေျခအေန ၊ စိတ္ခံစားခ်က္ျပႀကိယာ 
(Stative or State verbs) မ်ိဳးျဖစ္ေနတဲ့ အခါမွာ Present Tense ကိုသုံးေပးရတာပါ။)

Credit : ကိုေဇ(Active English Myanmar)

Latest Post Read 2482 times