Sales Hotline : 09448001653       Download App



ရန်ကုန်အဝေးသင်တက္ကသိုလ် မှဖွင့်လှစ်မည့် Online Post Graduate Diploma in Business သင်တန်း

**Unicode**

စီးပွားရေးလုပ်ငန်းများတွင် စီးပွားရေးပညာရပ်များကို လက်တွေ့အသုံးချနိုင်ရန်နှင့် စီမံခန့်ခွဲမှုပြုလုပ်နိုင်ရန်အတွက် ရန်ကုန်အဝေးသင်တက္ကသိုလ်၊ စီးပွားရေးပညာဌာနမှ ကြီးကြပ်၍ Online ဖြင့် Post Graduate Diploma in Business (PGDB) 1st Batch သင်တန်းကို အောက်တိုဘာလ (၁) ရက်နှင့် ဧပြီလ (၁) ရက်နေ့တို့တွင် ဖွင့်လှစ်သင်ကြားလျက်ရှိပါသည်။ 

နှစ်စဉ် အောက်တိုဘာ (၁) ရက်ဖွင့်လှစ်မည့် သင်တန်းအတွက် သြဂုတ်လ (၂၀) ရက်နောက်ပိုင်းတွင် Registration လုပ်မည့်ရက်ကို သတင်းစာထဲတွင် စတင်ကြည့်ရှုသိရှိနိုင်ပြီး ဧပြီလ (၁) ရက်နေ့ဖွင့်လှစ်မည့်သင်တန်းအတွက် ဖေဖော်ဝါရီလ (၂၀) ရက်နောက်ပိုင်းတွင် Registration လုပ်ရမည့်ရက်ကို သတင်းစာထဲတွင် ကြည့်ရှုသိရှိနိုင်ပါသည်။ (www.udeeco.edu.mm) တွင် သတ်မှတ်ထားသည့်အချိန်တွင် Registration စတင်ပြုလုပ်နိုင်ပါသည်။ (သင်တန်းသားဦးရေကန့်သတ်ထားပါသည်။) သင်တန်းကာလသည် (၁၀) လကြာမြင့်မည်ဖြစ်ပါသည်။ 

သင်ကြားပေးမည့်ဘာသာရပ်များမှာ - 
**Semester (1) တွင် သင်ကြားမည့် Core Courses များမှာ**
- DB-1101 : General Management
- DB-1102 : Macroeconomics Environment
- DB-1103 : Business Statistics
- DB-1104 : Legal Framework for Business
- DB-1105 : Management Accounting and Financial Management

**Semester (2) တွင် သင်ကြားမည့် Core Courses များမှာ**

- DB-1106 : Marketing Management
- DB-1107 : Production and Operations Management
- DB-1108 : Human Resource Management
- DB-1109 : International Business Management
- DB-1110 : Project Paper

သင်တန်းသို့လျှောက်ထားသူများသည် အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိသူဖြစ်ရပါမည်။ ဘွဲ့ရရှိပြီး စီးပွားရေးလုပ်ငန်းများတွင် စတင်လုပ်ကိုင်လိုသူများ၊ စီးပွားရေးလုပ်ငန်းအတွေ့အကြုံရှိ၍ လက်ရှိစီးပွားရေးလုပ်ငန်းများတွင် လက်တွေ့လုပ်ကိုင်ဆောင်ရွက်နေသူများတက်ရောက်သင့်သော သင်တန်းတစ်ခုဖြစ်ပါသည်။ စီမံခန့်ခွဲမှုနည်းလမ်းများကို စိတ်ဝင်စားသူတိုင်းတက်ရောက်နိုင်ပါသည်။ လုပ်ငန်းများတွင် လက်တွေ့စီမံခန့်ခွဲနေသူများ၊ ထုတ်လုပ်မှုနှင့် ရောင်းဝယ်ဖြန့်ဖြူးမှုကို လုပ်ကိုင်နေသူများ၊ လုပ်ငန်းများတွင် လူသားအရင်းအမြစ်လုပ်ငန်းများကို စီမံခန့်ခွဲနေသူများ၊ အပြည်ပြည်ဆိုင်ရာစီးပွားရေးလုပ်ငန်းများကို စီမံခန့်ခွဲနေသူများနှင့် စီးပွားရေးဆိုင်ရာ ဥပဒေသဘောတရားများကို သိလိုသူများတက်ရောက်သင့်သော သင်တန်းတစ်ခုဖြစ်ပါသည်။ 

သင်တန်းပြီးဆုံးသွားပါက ပညာရေးဝန်ကြီးဌာနမှ ပေးအပ်သော ဘွဲ့လွန်ဒီပလိုမာလတ်မှတ်ကိုရရှိမည်ဖြစ်ပါသည်။ Diploma သင်တန်းတွင် စာတွေ့နှင့် လက်တွေ့ပေါင်းစပ်သင်ကြားပေးသောကြောင့် စီးပွားရေးလုပ်ငန်းများတွင် စီမံခန့်ခွဲမှုနည်းလမ်းများကို အခြေခံကျကျ နားလည်တတ်ကျွမ်းမည့် သင်တန်းဖြစ်ပါသည်။ Online Assignment များကိုတစ်ဦးချင်းဖြေဆိုရမည့်အပြင် Project များလုပ်ဆောင်ရမည်ဖြစ်သောကြောင့် စီးပွားရေးလုပ်ငန်းနှင့် စီမံခန့်ခွဲမှုဆိုင်ရာပုံစံများကို စာတွေ့လက်တွေ့လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။ နိုင်ငံတကာလုပ်ငန်းများတွင် လုပ်ဆောင်နေသောလုပ်ငန်းများ၏ စီမံခန့်ခွဲမှုများနှင့် ယှဉ်ပြိုင်မှုနည်းလမ်းများကိုလည်းသိလာမည်ဖြစ်ပါသည်။

သင်တန်းစုံစမ်းလိုပါက ရန်ကုန်အဝေးသင်တက္ကသိုလ်၊ စီးပွားရေးပညာဌာန၊ ဖုန်း - ၀၁-၅၂၅၈၂၄၊ အဆောင် (၈)၊ သင်တန်းရေးရာဌာန၊ သထုံလမ်း၊ ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ဖုန်း -၀၁-၅၂၅၁၄၆ တို့်ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

 

**Zawgyi**





- DB-1110 : Project Paper




 

www.edge.com.mm
 

Latest Post News Read 6461 times