Sales Hotline : 09448001653       Download App



ဗြိတိသျှကောင်စီ(မန္တလေး)စာကြည့်တိုက်မှာ IELTS စာအုပ်များ ငှားရမ်းနိုင်ပြီ

မန္တလေးမှ IELTS စာမေးပွဲဖြေဆိုရန် ပြင်ဆင်နေသူများအတွက် ဗြိတိသျှကောင်စီ (မန္တလေး) စာကြည့်တိုက်တွင် ကြိုက်နှစ်သက်ရာ Cambridge IELTS စာအုပ်များကို လာရောက်ရွေးချယ်ငှားရမ်းနိုင်ကြောင်း British Council Myanmar မှ အသိပေးထားပါတယ်။

ဗြိတိသျှကောင်စီ(မန္တလေး)စာကြည့်တိုက်ကို သွားလိုတယ်ဆိုရင် - 

- ၀၉ ၇၇၇၀၀၁၈၂၅ ကို ဆက်သွယ်ပြီး တစ်ရက်ကြိုတင်ရက်ချိန်း ရယူပေးရပါမယ်။

- စာကြည့်တိုက်အသင်းဝင်ဖြစ်ဖို့ ဖော်ပြပါလင့်ခ်မှာ အွန်လိုင်းကတစ်ဆင့် လျှောက်လွှာတင်ရပါမယ်။

>> https://bit.ly/2oJ9R38

- လျှောက်လွှာဖြည့်ပြီးပါက ရရှိလာတဲ့ Reference number (သို့) Library number (၅) လုံးကို Appointment ယူချိန်မှာ ပြောပြပေးဖို့ လိုအပ်ပါတယ်။

- စာကြည့်တိုက်မှာ အသင်းဝင်ကြေး ပေးချေတဲ့အခါ ငွေသားပေးချေခြင်းကို လက်မခံတဲ့အတွက် ဘဏ်ကဒ်နှင့်ပေးချေခြင်း (သို့) AYA Mobile Banking နှင့်ပေးချေခြင်းကိုသာ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ 

- ငွေသား‌ပေးသွင်းလိုသူ အသင်းဝင်တွေအနေနှင့် စာကြည့်တိုက်သို့မလာရောက်မီ နီးစပ်ရာ ဧရာဝတီဘဏ်ခွဲတွေမှာ မိမိတို့ ရရှိထားတဲ့ Reference number (၅) လုံးကို အသုံးပြုပြီး ငွေသားပေးသွင်းဖို့ လိုအပ်ပါတယ်။ 

- အသင်းဝင်ရှိပြီးသားနှင့် အသင်းဝင် သက်တမ်းတိုးလိုသူတွေအနေနဲ့ စာကြည့်တိုက်နှင့် ဆက်သွယ်ပြီး လျှောက်လွှာဖြည့်စရာမလိုအပ်ဘဲ အသင်းဝင် သက်တမ်းတိုးနိုင်ပါတယ်။ 

- စာကြည့်တိုက်အသင်းဝင်ကဒ်ပြား (သို့) မှတ်ပုံတင် (သို့) ပတ်စ်ပို့ (သို့) ယာဥ်မောင်းလိုင်စင် (သို့) ကျောင်းသားကဒ် ယူဆောင်သွားဖို့ လိုပါတယ်။

- Mandalay Financial Centre Level 1, Reception Counter မှတဆင့် သတ်မှတ်ထားသော ID ကဒ်ပြသပြီး စာကြည့်တိုက်ထဲ ဝင်ရောက်နိုင်ပါတယ်။

လိပ်စာ - အခန်း (၈)၊ ၁၁ လွှာ၊ Mandalay Financial Centre၊ လမ်း ၈၀၊ ၂၇လမ်းနှင့် ၂၈လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့ 

စာကြည့်တိုက် ဖွင့်ချိန် - တနင်္လာနေ့မှ သောကြာနေ့ (မနက် ၉ နာရီခွဲမှ ညနေ ၄ နာရီထိ)

ဖုန်း - ၀၉၇၇၇၀ဝ၁၈၂၅

Latest Post Local News Read 487 times