ထိုင်းမှာ Hospitality နှင့် Culinary Arts ပညာရပ်တွေကို အခမဲ့ သင်ယူမယ်

Dusit Thani College ဆိုတာ နိုင်ငံတကာမှာ အဆင့်မြင့်ကြယ်ငါးပွင့်ဟိုတယ်နဲ့ ဗီလာပေါင်း (၃၀၀) နီးပါး ဖွင့်လှစ်ထားတဲ့ ထိုင်းနိုင်ငံရဲ့ အအောင်မြင်ဆုံး ဟိုတယ်လုပ်ငန်း Dusit Thani Group က တည်ထောင်ထားတဲ့ Private College တစ်ခုပဲ ဖြစ်ပါတယ်။ 

အခု ၂၀၂၇ ပညာသင်နှစ်မှာ Dusit Thani College ကနေ "ASEAN and Asia-Pacific Development Scholarship" ဆိုပြီး Hospitality Management နဲ့ Culinary Arts ဘွဲ့ကြိုသင်တန်းနှစ်ခုအတွက် ပညာသင်ဆုပေးအပ်သွားမှာပါ။ 

တက်ရောက်ရမယ့်တက္ကသိုလ်

  • Dusit Thani College 

ရွေးနိုင်တဲ့ပရိုဂရမ် (၂) ခု

  • B.B.A Program in Hospitality Management
  • B.B.A Program in Professional Culinary Arts

ပညာသင်ဆုကာလ

  • (၄) နှစ် (Semester ၈ ခု)

ပညာသင်ဆု (၂) မျိုး

  • Full Tuition Fees 
  • 50% Tuition Fees

ဘယ်သူတွေလျှောက်ထားလို့ရလဲ?

  • မြန်မာနိုင်ငံသားဖြစ်ရပါမယ်။
  • GED (သို့) IGCSE တို့လို (၁၂) တန်းနှင့် ညီမျှတဲ့ အထက်တန်းအောင်လက်မှတ် ရှိရပါမယ်။
  • ကျောင်းလခအပြည့်အ၀ကင်းလွတ်ခွင့် ပညာသင်ဆုအတွက် GPA (3) နဲ့အထက် (သို့) GED အမှတ် လေးဘာသာပေါင်း (650) ရှိရပါမယ်။
  • ကျောင်းလခတစ်ဝက်ကင်းလွတ်ခွင့် ပညာသင်ဆုအတွက် GPA (2.75) နဲ့အထက် (သို့) GED အမှတ် လေးဘာသာပေါင်း (613) ရှိရပါမယ်။
  • ပြစ်မှုကင်းရှင်းပြီး မူးယစ်ဆေးသုံးစွဲဖူးသူ မဖြစ်ရပါ။
  • ကောလိပ်က စစ်ဆေးမယ့် အင်္ဂလိပ်ဘာသာစကားအရည်အချင်းစစ် စာမေးပွဲရလဒ် ရှိရပါမယ်။

လိုအပ်တဲ့စာရွက်စာတမ်းများ

  • မေဂျာဝင်ခွင့်လျှောက်လွှာ (https://dtc.ac.th/en/courses/international-program/apply)
  • ပညာသင်ဆုလျှောက်လွှာ (ဒေါင်းလုတ်လုပ်ပြီး [email protected] ကို ပေးပို့ရပါမယ်) (https://dtc.ac.th/en/current-students/scholarship/)
  • (၁) လက်မပတ်လည် ဓာတ်ပုံ (၁) ပုံ
  • ပတ်စ်ပို့
  • အထက်တန်းအောင်လက်မှတ် (၂) စောင်
  • ပြစ်မှုကင်ရှင်းကြောင်းထောက်ခံစာ
  • တခြားအောင်မြင်မှုစာရွက်စာတမ်းများ 

နောက်ဆုံးလျှောက်ထားရမယ့်ရက်

Round (1) - October (3) , 2026

Interview Day - October (19) , 2026

Scholarship Announcement - Oct (30) , 2026

Round (2) - December (12), 2026

Interview Day - January (9) , 2027

Scholarship Announcement - January (15) , 2027

အသေးစိတ်ဖတ်ရှုရန်

>> ASEAN-Asia-Pacific-Development-Scholarship-2027.pdf

==================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

> https://t.me/eudcationguide (Telegram)

> https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

> https://shorturl.at/ktCaP

International Latest Post Read 2689 times