သဘာဝပတ်ဝန်းကျင် လေ့လာလိုသူတွေအတွက် Environmental Science သင်တန်း

 

ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာရပ်များကို မျှဝေပေးနေသော Learning Organization တစ်ခု ဖြစ်သည့် Environmental Edu-Tech မှ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာနှင့် အလေ့အထကောင်းများကို လူတိုင်း သိရှိ နားလည်ကြစေရန် ရည်ရွယ်၍ Advanced Course on Environmental Science သင်တန်းတစ်ခုအား ဖွင့်လှစ်ပို့ချမည် ဖြစ်ကြောင်း သိရှိရသည်။

 

အဆိုပါသင်တန်းမှာ Online Learning ပုံစံဖြင့် သင်ကြား ပို့ချမည်ဖြစ်ပြီး တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိထားပြီး သူများ (သို့) တက္ကသိုလ်ဝင်တန်း ဖြေဆို အောင်မြင်ပြီးသူများ လျှောက်ထားနိုင်သည်။

Advertisement 

Click Here > Han Myanmar Construction

သင်တန်းချိန်မှာ Online Email System ဖြင့် သင်ကြားပို့ချမည် ဖြစ်သောကြောင့် မိမိအဆင်ပြေသည့် အချိန် ဝင်ရောက် လေ့လာနိုင်သည်။ သင်တန်းကာလမှာ ၂၀၂၃ ခုနှစ် ဇွန်လ ၁၀ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၀ ရက်နေ့အထိ (၂) လတိုင်တိုင် သင်ခန်းစာများကို လေ့လာရမည် ဖြစ်သည်။

 

သင်တန်းကြေးမှာ ၂၀,၀၀၀/- (နှစ်သောင်းကျပ်) ကျသင့်မည်ဖြစ်ပြီး Wave Pay or KBZ Pay ကြိုက်နှစ်သက်ရာဖြင့် ပေးသွင်းနိုင်သည်။ 

 

သင်တန်းနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များနှင့် သင်ကြားပို့ချပေးသွားမည့် Topics များကို သိရှိလိုပါက https://m.me/esonline.mm တွင် မေးမြန်း စုံစမ်းနိုင်ကြောင်း သိရှိရသည်။

 

စိတ်ပါဝင်စား၍ လျှောက်ထားလိုသူများ အနေဖြင့် အောက်ဖော်ပြပါ လင့်ခ်မှနေ၍ Registration ပြုလုပ်ကာ လျှောက်လွှာများ တင်သွင်းနိုင်သည်။

 

လျှောက်ထားရန်လင့်ခ် 

> http://tiny.cc/adv-course-es

Source From Environmental Science Online Facebook Page

Latest Post Local News Read 813 times