မန္တလာတက္ကသိုလ်မှ BTHM သင်တန်း ပထမနှစ်ဝင်ခွင့် ခေါ်ယူ

မန္တလာတက္ကသိုလ်တွင် Bachelor of Tourism and Hospitality Management (BTHM) ဘွဲ့သင်တန်းကို ၂၀၂၆ ခုနှစ် ဩဂုတ်လ (၂၅) ရက်နေ့မှ စက်တင်ဘာလ (၃၀) ရက်နေ့အထိ လျှောက်ထားနိုင်ပြီဖြစ်သည်။

အဆိုပါဘွဲ့သင်တန်းကို (၄) နှစ် တက်ရောက်ရမည်ဖြစ်ပြီး အောက်ပါအရည်အချင်းနှင့် ပြည့်စုံသူများ လျှောက်ထားနိုင်သည်။

  • ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်ရမည်။
  • ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူ ဖြစ်ရမည်။
  • အခြားတက္ကသိုလ်တစ်ခုခုတွင် တက်ရောက်ပညာသင်ကြားနေသူမဖြစ်ရပါ။

သတ်မှတ်လျှောက်လွှာပုံစံကို ဩဂုတ်လ (၂၅) ရက်နေ့မှ စတင် ထုတ်ယူ၍ မန္တလာတက္ကသိုလ်တွင် တိုက်ရိုက်လျှောက်ထားနိုင်သည်။ လျှောက်လွှာနှင့်အတူ အောက်ဖော်ပြပါ စာရွက်စာတမ်းများကို ပူးတွဲတင်ပြရမည်။

  • သက်ဆိုင်ရာ အခြေခံပညာအထက်တန်း ကျောင်းအုပ်ကြီး၏ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်ကြောင်း ထောက်ခံချက်နှင့် အမှတ်စာရင်းမူရင်း
  • လျှောက်ထားသူနှင့် မိဘနှစ်ပါးစလုံး၏ နိုင်ငံသားစိစစ်ရေးကတ်ပြား (မိတ္တူ)
  • လိုင်စင်ဓာတ်ပုံ (၃) ပုံ

သင်တန်းသားဦးရေ (၂၅၀) ဦးသာ ဝင်ခွင့်လက်ခံသွားမည်ဖြစ်ပြီး အင်္ဂလိပ်စာဘာသာရပ်တွင် အမှတ်များသူများကို ဦးစားပေးရွေးချယ်ပါမည်။

ဝင်ခွင့်ရရှိသူများစာရင်းနှင့် ကျောင်းဝင်မှတ်ပုံတင်ရမည့်ရက်ကို မန္တလာတက္ကသိုလ်တွင် ကြေညာပေးထားမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ် နိုဝင်ဘာလတွင် သင်တန်း စတင် ဖွင့်လှစ်ပါမည်။

ဝင်ခွင့်ရရှိသူများသည် ကျောင်းအပ်နှံသည့်အခါ ကျောင်းသားနှင့် မိဘနှစ်ပါး၏ နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းများကို မပျက်မကွက် ယူဆောင်သွားရမည်။

အသေးစိတ်သိရှိလိုပါက မန္တလာတက္ကသိုလ် ကျောင်းသားရေးရာဌာန ဖုန်း-၀၉၉၈၄၇၇၆၆၇၀ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်သည်။

==================================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local News University / College Read 4872 times