Sales Hotline : 09448001653       Download App



သင်တန်းကြေး အခမဲ့ဖြင့် သင်ကြားသည့် ဂဟေဆက်သင်တန်းအတွက် သင်တန်းသားများ ခေါ်ယူခြင်း

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနလက်အောက်ရှိ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် PTTEP International Ltd.(ရန်ကုန်ရုံးခွဲ) ရတနာစီမံကိန်းတို့မှ ပူးပေါင်း၍ ဂဟေဆက်သင်တန်း အမှတ်စဥ် (၁၈) အား ၂၀၂၄ ခုနှစ်၊ မေလ (၆) ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရသည်။

 

အဆိုပါသင်တန်းကို လျှောက်ထားသူသည် -

  • အခြေခံပညာ အလယ်တန်း အောင်မြင်ပြီးသူဖြစ်ရမည်။
  • အင်္ဂလိပ်စာ အခြေခံ နားလည်သူဖြစ်ရမည်။
  • နည်းပညာနှင့် သက်မွေးပညာလုပ်ငန်းသဘာဝအရ ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
  • ဂဟေဆက်လက်တွေ့လုပ်ငန်းအား အမှန်တကယ်လုပ်ကိုင်နိုင်သူဖြစ်ရမည်။
  • အကျင့်စာရိတ္တ ကောင်းမွန်သူဖြစ်ရမည်။
  • သင်တန်းတက်ခွင့်ရသောနေ့တွင် အသက် (၁၈) နှစ်ပြည့်ပြီး အသက် (၃၅) နှစ်ထက် မကြီးသူဖြစ်ရမည်။
  • ပထမအဆင့် လျှောက်လွှာတွင် ရွေးချယ်ခံရသူများသည် အင်တာဗျူးဖြေဆိုရမည်။

 

လျှောက်ထားလိုသူများအနေဖြင့် ရတနာဂဟေဆက်နည်းပညာသင်တန်းကျောင်း (အောင်ဆန်း) တွင် လျှောက်လွှာများ စတင်ထုတ်ယူနိုင်ပြီး လျှောက်လွှာနှင့်တကွ -

  • (၆) လအတွင်း ရိုက်ကူးထားသော  ပတ်စ်ပို့ဆိုဒ် ရောင်စုံဓာတ်ပုံ(၂)ပုံ
  • နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ
  • မွေးသက္ကရာဇ်နှင့် ပညာအရည်အချင်းအတွက် ထောက်ခံချက်
  • ပြစ်မှုကင်းရှင်းကြောင်းထောက်ခံချက်(မူရင်း) တို့ကို အဆိုပါသင်တန်းကျောင်းတွင် ၄ လပိုင်း ၂၆ ရက်နေ့ နောက်ဆုံးထား၍ ပူးတွဲတင်ပြ လျှောက်ထားရပါမည်။ 

 

သင်တန်းကာလ (၁၂) ပတ်ဖြစ်ပြီး သင်တန်းသား (၁၅) ဦးကိုသာ လက်ခံသင်ကြားပေးမည်ဖြစ်သည်။ သင်တန်းကြေးမှာ အခမဲ့ဖြစ်သည့်အပြင် သင်တန်းတက်ရောက်နေစဉ်ကာလအတွင်း လစဉ် (၃၀,၀၀၀) ကျပ်ကို ရတနာစီမံကိန်းမှ ထောက်ပံ့ပေးပါမည်။

 

သင်တန်းသားအတွက် လိုအပ်သော လုပ်ငန်းခွင်ဘေးအန္တရာယ်ကာကွယ်ရေးဝတ်စုံ  (Personal Protective Equipment) အတွက် ကုန်ကျစရိတ်ထဲမှ ငွေကျပ် (၁၀၀,၀၀၀) ကိုလည်း ရတနာစီမံကိန်းမှ ထောက်ပံ့ပေးမည်ဖြစ်ပြီး ကျန်ပမာဏကို သင်တန်းသားဘက်မှ ကိုယ်တိုင်ကျခံရပါမည်။ 

 

သင်တန်းဖွင့်လှစ်မည့်နေရာ - ရတနာဂဟေဆက်နည်းပညာသင်တန်းကျောင်း(အောင်ဆန်း)၊ အောက်မင်္ဂလာဒုံလမ်းမကြီး၊ စဥ့်ငူရပ်ကွက်၊ အင်းစိန်မြို့နယ်။

ဆက်သွယ်ရန် ဖုန်းနံပါတ် - ၀၁ ၆၄၅၇၅၉၊ ၀၉ ၇၇၇၃၈၇၃၆၉

  
Source - နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန

Latest Post Vocational Read 528 times