Sales Hotline : 09448001653       Download App



Bachelor of Pharmacy ကို Monash University မှာ Scholarship လျှောက်ပြီး တက်ကြမယ်

 

Pharmacy ဘာသာရပ်ကို စိတ်ဝင်စားတယ်၊ နိုင်ငံခြားမှာလည်း ကျောင်းတက်ချင်တယ်၊ ကျောင်းစရိတ်လည်း သက်သာချင်တယ်ဆိုရင် Australia နိုင်ငံ Melbourne မြို့မှာရှိတဲ့ Monash University မှာ Scholarship လျှောက်ပြီး Bachelor Degree ရယူနိုင်တဲ့ အခွင့်အရေးရှိပါတယ်။ 

 

Monash University ဟာဆိုရင် 2024 ခုနှစ် QS World University Rankings အရ အဆင့် 42nd မှာရှိတဲ့အတွက် ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ် (၅၀) စာရင်းမှာ ပါဝင်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဆေးဝါးဗေဒဘာသာရပ်အတွက် ကမ္ဘာပေါ်မှာ ဒုတိယအကောင်းဆုံး တက္ကသိုလ်အဖြစ်လည်း သတ်မှတ်ခြင်းခံထားရပါတယ်။ 

 

Monash University က Australia နိုင်ငံရဲ့ ထိပ်တန်းကျောင်းတစ်ခုအဖြစ် ရပ်တည်နေပြီး Business/ Engineering/ Law/ Information Technology/ Medicine/ Health Sciences/ Arts/ Science စတဲ့ Program အမျိုးမျိုးကိုလည်း ရွေးချယ်တက်ရောက်နိုင်တဲ့ အစိုးရပိုင်တက္ကသိုလ်ကျောင်း ဖြစ်ပါတယ်။

 

ဒီလို ဂုဏ်သတင်းမွှေးပြီး အဆင့်အတန်းမြင့်တဲ့ တက္ကသိုလ်မှာ Pharmancy ဘာသာရပ်ကို Bachelor Degree တက်ရောက်ချင်တဲ့သူတွေအတွက် တစ်နှစ်ကို ထူးချွန်ကျောင်းသား/သူ (၄) ယောက်ရွေးပြီး 50% နဲ့ 25% Scholarship တို့ကို ပေးအပ်ချီးမြှင့်လေ့ရှိပါတယ်။ 

 

Scholarship ကို လျှောက်ရန် လိုအပ်သည့် အရည်အချင်း
===================

  • Australian နိုင်ငံသားမဟုတ်တဲ့ International Student ဖြစ်ရပါမယ်။
  • Australian အထက်တန်းပညာရေးနဲ့ ညီမျှတဲ့ အထက်တန်းပညာရေး အောင်မြင်ထားသူဖြစ်ရပါမယ်။ 
  • IELTS 6.5 နဲ့ TOEFL Paper-based 550 သို့မဟုတ် Internet-based 79 အနည်းဆုံးရှိရပါမယ်။
  • Monash Campus မှာ Bachelor of Pharmacy Program ကို လျှောက်ထားသူဖြစ်ရပါမည်။

 

Scholarship ရရှိသူများအတွက် အကျိုးခံစားခွင့်
======================
Scholarship အတွက် Academic Transcript တွေကို ကြည့်ပြီး အမှတ်အမြင့်ဆုံးရရှိတဲ့ ကျောင်းသား/သူ (၂) ယောက်အတွက် 50% Tuition Fees နှင့် ဒုတိယအမှတ်အမြင့်ဆုံးရရှိတဲ့ ကျောင်းသား/သူ (၂) ယောက်အတွက် 15% Tuition Fees တို့ကို အသီးသီးပေးအပ်သွားမှာ ဖြစ်ပါတယ်။ 

 

လိုအပ်သည့်စာရွက်စာတမ်းများ
===============

  • အထက်တန်းအောင်လက်မှတ်နှင့် အမှတ်စရင်း
  • ပတ်စပို့
  • အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်တက်မြောက်ကြောင်းလက်မှတ်

 

လျှောက်ထားပုံအဆင့်ဆင့်
================
Scholarship အတွက် သီးသန့် Application Form မလိုအပ်သလို Deadline သတ်မှတ်ထားတာမျိုးလည်း မရှိပါဘူး။ တစ်နှစ်ပတ်လုံး ကိုယ်အဆင်ပြေတဲ့အချိန်မှာ Monash University ရဲ့ Undergraduate Pharmacy Program ကို Enroll လုပ်လိုက်ရုံနဲ့ Scholarship လျှောက်ထားသူအနေနဲ့ ထည့်သွင်းစဉ်းစားပေးခြင်းခံရမှာဖြစ်တယ်။ 

 

Monash University မှာ Bachelor of Pharmacy ကို (၅) နှစ် တက်ရောက်ရမှာဖြစ်ပြီး Scholarship ရထားသူအနေနဲ့ သင်ကြားရေးကာလတလျှောက် Semester တစ်ခုချင်းစီမှာ Weighted Average Mark (WAM) 70 ရရှိအောင် ထိန်းသိမ်းထားရမှာဖြစ်ပါတယ်။ 

 

Pharmacy International Undergraduate Merit Scholarship အကြောင်း အသေးစိတ်ဖတ်ရှုရန်

>> https://www.monash.edu/study/fees-scholarships/

 

International Latest Post Read 4358 times